Ch 34: The Villains Hunting

2.7K 618 27
                                    

ခဏတာပဲ ပျော်ရွှင်ခဲ့ရပြီးနောက် ဝူဟန်ယင်းငိုချင်သွားတယ်! အားလုံးက မီးရှူးမီးပန်းတွေ ဖောက်ပြီး သူတို့နှစ်ယောက်ကို စနောက်နေကြသေးတယ် ... ပြီးတာနဲ့ PK စနစ်ဖွင့်ပြီး သတို့သားကို ဝိုင်းသတ်ကြတော့တယ်။ အားလုံးက ဂိမ်း၏ ထုံးတမ်းအစဉ်အလာတိုင်းလုပ်လိမ့်မယ်လို့ သူဘယ်လိုလူပ်ထင်မိမှာလဲ...
Love You 59 Secondsသည် ဧည့်သည်တွေ၏ တိုက်ခိုက်ခြင်းခံရပြီး တင့်တယ်စွာပင် မြေပြင်ပေါ်ကျ၍ သေသွားသည်။

ဝူဟန်ယင်း အတန်ငယ် စိတ်ဓါတ်ကျသွားသည်။ Love You 59 Seconds၌ ကျောက်တုံးအားလုံး level 7 နဲ့ equipment တွေကလည်း JP(အရည်‌သွေးမြင့်) ဖြစ်နေတာတောင် လူအများကြီး၏စကေး‌တွေ တပြိုင်နက်တိုက်ခိုက်ခြင်းကိုတော့ မခံနိုင်!

သူ့စခရင်မီးခိုရောင်ဖြစ်သည်အထိ မလှုပ်မယက်တောင့်ခဲနေတယ်။ အချိန်ကြာမှ သိလိုက်တာက သူ့ဇာတ်ကောင်သေဆုံးနေပြီ။ သူချက်ချင်း မင်ပေါ်ဆီတယ်လီပို့ခံလိုက်ရသည်။
(မင်ပေါ် - ငရဲမှ စွပ်ပြုတ်တိုက်သည့်အရာရှိမိန်းကလေး)

လျိုယောင်တွင် သွေးဖြည့်ရန် Love You 59 Seconds ကိုရွေ့ ပြီး သူ့ဆီကငွေတွေအကုန်လုံးကို စတိုခန်းထဲ ပြောင်းထည့်လိုက်သည်။ သတ်ခံရရင် ငွေအများကြီး ထွက်သွားတာက နောင်တရစရာပင်။

ထို့နောက် သူအမြန် Ye Xi Huကို ပြန်ရောက်လာတယ်...တစ်ဆင့်ပို့‌ဆောင်ခြင်းလုပ်ငန်းတွင် လိုင်းလတ်သွားသေးတယ်။ သို့ပေမယ့် ထိုနေရာကိုရောက်တော့ မုခ်ဝ၌ လူတစ်ချို့မတ်တပ်ရပ်လျက် စောင့်နေကြတာ ‌သတိထားမိလိုက်သည်။ ကံကောင်းစွာ သူ၏ လုံခြုံမှုအအချိနိကာလရှိနေသေးလို့ ... ထို့ကြောင့် သူ့သွေးဘားကို မသက်ရောက်ပေ...

{Team}[Love You 59 Seconds]: မိန်းမရေ ...ကယ်ပါဦး..အားး

{Team}[ရှောင်ဝူ]: အကြိမ်အနည်းငယ်လောက် မင်းကို သူတို့သတ်ပါစေ

{Team}[Love You 59 Seconds]: ......

အစက်‌ခြောက်စက်သူရိုက်ပို့အပြီး ဘယ်နှကြိမ်မှန်းမသိ မင်ပေါ်ဆီပို့ခံရသည်
ဆယ်နာရီတွင် သတ်ဖြတ်ခြင်းကရပ်တန့်သွားသည်။ ကံကောင်းသည်က အိတ်ထဲဘာမှမရှိသောကြောင့် အပြင်ထွက်ကျစရာဘာမှမရှိပေ။ နောက်ဆုံး၌ ဗီလိန်တွေကို အမဲလိုက်ဖို့အသင်းတစ်ခုဖွဲ့သည်။ ဟုတ်တာပေါ့ ...အမဲလိုက်သမျှ ပစ္စည်းအားလုံးက သတို့သမီးအတွက် ဂုဏ်ပြုလက်ဆောင်‌‌တွေချည်းပဲ။

Love you 59 seconds (Myanmar translation)Where stories live. Discover now