{Team}[Love You 59 seconds]: မြို့ကိုပြန်...လျိုယောင်က ကုန်သွယ်များအသင်းဌာနမှာ ငါ့ကိုလာရှာ
{Team}[ရှောင်ဝူ.]: အိုကေ
Team chatမှ Love You 59 seconds၏တည်ငြိမ်သော အပြောအဆိုကိုကြည့်ပြီး နည်းနည်းတော့ စိတ်ဆိုးမိသည်။ သို့ပေမယ့် သူနာခံစွာပင် သူ့မောက်စ်ကို ဒါ့လီသို့တယ်လီပို့သည်။ သူ့ဇာတ်ကောင်လေး ခါးကုန်းကာ လက်နှစ်ဖက်အားပွတ်နေသည်။
သူ့နားဘေးမှ Love You 59 seconds ကလည်း လက်တွေပွတ်ကာ သုံးပုံတစ်ပုံစက္ကန့်မျှတောင်မကြာလိုက် ပါးလွှာသောလေထုထဲပျောက်ကွယ်သွားသည်။ သူသက်ပြင်းချရုံသာ တက်နိုင်တယ် ... တစ်ဖက်လူက သူ့ထက်levelပိုမြင့်တာကြောင့် တယ်လီပို့သည့်အချိန်ကလည်း သူထက်ပိုမြန်သည်!
သူ့မောက်စ်ကို အခြားဇာတ်ကောင်ပုံသို့ ပွတ်ဆွဲလိုက်တော့ Love You 59 seconds ကလျိုယောင်ကိုရောက်နေကြောင်း ပြသနေသည်။
အချိန်အတော်အကြာ ဝူဟန်ယင်းစခရင်ကိုစူးစိုက်ကြည့်နေရင်း Emeiလေး၏ အရိပ်သည်တစ်ဖြည်းဖြည်းမှေးမှိန်လာပြီး ဒါ့လီသို့ပို့ဆောင်သွားလေသည်။ သူ၏ လူသစ်အတောင်ပံကိုထုတ်ကာ လျိုယောင်သို့ ပျံသန်းမည့်အချိန် mount ကိုဖွင့်လိုက်တော့ သူကြက်သေသေသွားသည်။
စခရင်တွင် Emeiလေးက မိုးပြာရောင် ××× တိရစ္ဆာန်ပေါ်တွင် ထိုင်နေလျက် ... ဒါကပထမဆုံးအချိတ် ဝူဟန်ယင်းတိရစ္ဆာန်ကို တွေ့ဖူးတာပင် ... ထို့ကြောင့်ထိုတိရစ္ဆာန်၏နာမည်ကို သူမသိပေ ၊ ဒါပေမယ့် လှုပ်ယမ်းနေသောအမြီးမှာ အရမ်းတောက်ပြောင်လွန်းသည်။
{Team}[ရှောင်ဝူ.]: ရှစ်ဖူ...
{Team}[ရှောင်ဝူ.]: ဘာလို့တပည့် mountကဒီလိုပြောင်းသွားတာလဲ
{Team}[ရှောင်ဝူ.]: အတောင်ပံတွေလည်း အဆင့်မြှင့်နိုင်လို့လား?! =口=
{Team}[Love You 59 seconds]: ငါပြောင်းလိုက်တာ
{Team}[Love You 59 seconds]: အဲ့အတောင်ပံတွေကြည့်ရတာ တကယ် ရူးကြောင်ကြောင်နိုင်တယ်
ငါ့ဖင်ကိုပဲ ရူးကြောင်ကြောင်နိုင်တာ! ဝူဟန်ယင်းအသက်ရှူကြပ်သလို ခံစားလိုက်ရတယ် ... ရူးကြောင်ကြောင်နိုင်တယ်ဆိုတာ သူဘာကိုဆိုလိုချင်တာလဲ? ကစားသမားအသစ်တိုင်းကို အစတည်းက ဒီအတောင်ပံတွေ အလကားပေးထားတာလေ ...ဒီမိုးပြာရောင်ခြေလေးချောင်းသတ္တဝါကမှ ရူးကြောင်ကြောင်အကောင်! တွဲကျနေတဲ့အမြီးက ဘယ်ညာယမ်းခါနေတာ!
YOU ARE READING
Love you 59 seconds (Myanmar translation)
RomanceOriginal Author- Yun Guo Shi Fei ⟨⟨云过是非⟩⟩ English translater - Midori & Neko ဝူဟန်ယင်းတစ်ယောက် မသိရသည်မှာဘာကြောင့်လူအုပ်ကြီးတစ်အုပ်သူ့နောက်လိုက်လာပြီး "မရီး" လို့ခေါ်တဲ့အကြောင်းရင်း? ရှချန်ဘယ်အချိန်တည်းကနည်းနည်းကြောင်တောင်တောင်နဲ့နာခံတတ်တဲ့ ဝူဒေါင...