Chapter 4: Continue the Villains Dungeon

5K 901 9
                                    

[Zawgyi]

Love You 59 seconds ဆီဝူဒေါင်လေး လမ်းတစ်‌လျှောက်အပြေးလာစဉ် တစ်ဖြည်းဖြည်း မွန်းစတားတွေဝန်းရံခြင်းခံရတော့ သူမအပြေးအလွှားတိုက်ခိုက်ရတော့သည်။

ဝူဒေါင်လေး သတ္တိရှိရြှိဖင့် သူမအနားကပ်လာသောမွန်းစတားတွေကို Breeze swordစကေးနဲ့စတင်ရှေ့တ်ုးတိုက်ခိုက်လေသည်။ သူမဆက်ပြီးရှိသမျှစကေးတွေသာမက Yun Yang swordစကေးကိုသုံးလိုက်သော်ငြားလည်း မွန်းစတားသွေးသည် အနည်းငယ်မျှသာ လျော့ကြသွားသည်။ ဝူဟန်ယင်း စခရင်ကိုကြည့်ပြီး ရုတ်တရက်နားလည်သွားသည်မှာ မွန်းစတားသေးသေးလေးတွေရဲ့ level က သူ့levelထက်နှစ်ဆများနေတာပင် ...

မွန်းစတားလေးတစ်ကောင်တောင် ကောင်းကောင်းမသတ်နိုင်ပေမယ့် သူ့ဇာတ်ကောင်၏ အမုန့်အရေတွက်ကတော့များလာပြီ။ ခုနသူမတိုက်ခိုက်ခြင်းက ပတ်ပတ်လည်မှ သေးငယ်သောမွန်းစတား‌တွေဟာ သူမကိုရွေးတိုက်လာကြပြီ။

ဝူဟန်ယင်း ဇာတ်ကောင်သွေးဘားတန်းမှ ရေဆင်းသလိုတရစပ်လျော့နေတာကို ကြည့်ပြီး သူလန့်လာကာ တုန်ယင်လာသည်။ သူ့ဇာတ်ကောင်တိုက်ခိုက်တာခံရတဲ့ 'pop' ဆိုသောအသံနှင့်အတူ သွေးဘားတန်းနဲ့မတူဘဲ ‌ဖွင့်ထားသောရေဘုံပိုင်ခေါင်း‌နဲ့ပိုတူလာသည်။

{Team}[Love You 59 seconds]: Stealth... safeguardဖွင့်လိုက်၊ မတိုက်နဲ့"

ဝူဟန်ယင်း ဦးနှောင်စားစရာစကားလုံးတို့ကိုကြည့်လိုက်သည်။ Stealth? Safeguardဖွင့်? တစ်ဖက်လူက စကားလုံးခုနစ်လုံးပြောသွားသော်လည်း သူနားလည်းတာဆိုလို့ သုံးလုံးတည်း ...

"Stealthကဘယ်လိုလုပ်ရတာလဲ?"

စခရင်၏အောက်ဘက်တွင်ရှိသော စကေးတွေကိုရှာကြည့်သော်လည်း Stealthဆိုတဲ့စကေးကိုရှာ‌မတွေ့ပေ ... သူ့အတန်းဖော်ရဲ့အကူညီယူဖို့ လှည့်မေးရတော့တယ်။

"Stealth? ငါအဲ့ဒါကို quick keyထဲမဆွဲရသေးဘူး ဇာတ်ကောင်စကေးတွေရဲ့ ဘယ်ဘက်အောက်လောက်မှာရှိတယ်" သူ့အခန်းဖော်ခဏတိတ်ဆိတ်သွားပြ်ီးနောက် သူသတိရသွားတယ် ... ထိုအကောင့် ဗီလိန်မြေအောက်စခန်းတွေကို တိုက်ခိုက်ရန်ထားထားသည့် အပိုအကောင့်ဖြစ်သည့်အတွက် အချို့စကေးတွေကို quick keyထဲရွေးမထည့်ရသေးပေ ... Stealthစကေးကလည်း အသုံးမဝင်တာမို့ မထည့်ထားခြင်း။

Love you 59 seconds (Myanmar translation)Where stories live. Discover now