Ch 33: Ye Xi Hu

2.8K 629 55
                                    

နောက်တစ်နေ့ညနေခင်းအချိန်၌ ဝူဟန်ယင်းညအတန်းချိန်ရှိတယ်။ ထို့ကြောင့်လမ်းတွင် ညစာအတွက် အသားညှပ်ပေါင်မုန့်ဝယ်သည်။ အဆောင်ကိုပြန်ရောက်တော့ ကိုးနာရီခွဲနေပြီ။

အခန်းထဲဝင်စဉ် အခန်းဖော်သုံးယောက်၏ အာအကျယ်ကြီးဖြင့် "ဟားဟား" ရယ်သံတွေသေချာကြားနေရသည်။ မသိရင်အောက်ထပ်ကလူတွေပါ ကြားအောင် အော်ရယ်နေသည့်အတိုင်းပင်။

"မင်းတို့ဘာတွေအော်ရယ်နေတာလဲ?" တံခါးပိတ်ရင်း သာမန်ကာလျှံကာမေးလိုက်သည်။

"မင်းကောင်စုတ် ...ပြန်လာရဲသေးတယ်ပေါ့?" ကျောင်းထန် သူ့ကိုတိုက်ရိုက်ပြောလာသည်။

"မနေ့ညက ငါတို့နောက်ကွယ်မှာဘာတွေလုပ်ထားလဲ?"

'မနေ့ ညက' ဆိုသည့်စကားလုံးကြောင့် ဝူဟန်ယင်းအပြစ်ရှိသည့်လိပ်ပြာလေးလွင့်ပျံတော့မလိုပင်။ သို့ပေမယ့် တည်ငြိမ်စွာ ပြောသည်။ "ဘာကိုလဲ?"

ဘေးမှာထိုင်နေတဲ့ အခန်းဖော်က အားရပါးရရယ်မောနေစဉ် ကျောင်းထန်က သူ့ကို သူ့လက်တော့ပ်ရှေ့ဆွဲခေါ်ပြီး ထိုင်စေသည်။ စခရင်မှ ဂိမ်းsystem မတ်ဆေ့ခ်ျမတွေ့ ခင်အထိ ဝူဟန်ယင်းဘာမှမပြောနိုင်သေးပေ။ သို့သော် သူရှော့ခ်ရလွန်းလို့ ကျောက်ခဲကဲ့သို့ ခဲသွားသည်။

ဂိမ်းsystemလည်း သောက်ကျင့်မကောင်းဘူး!

ဝူဟန်ယင်းတကယ်ငိုချင်တယ်။ ကစားသမားတစ်ယောက်လက်ထပ်သွားရင် သူငယ်ချင်းစာရင်းက သူငယ်ချင်းတွေအားလုံးကို ဂိမ်းကအကြောင်းကြားပြီး ထိုကစားသမားအတွက် သူငယ်ချင်းတွေကဂုဏ်ပြုကြောင်းပြောကြသည်။ သူဒါကို ဘာလို့မတွေးမိပါလိမ့် .....

ကျောင်းထန်ရယ်ကာ အခြားလူတွေလို သူ့ကိုအချိန်အကြာကြီးစနောက်နေသည်။ ရှောင်ဝူကခိုးကြောင်ခိုးဝှက်လက်ထပ်တယ်လို့ တစ်ချိန်လုံးပြောတယ်။

သူတိတ်တိတ်လေးလုပ်ခဲ့တာကြောင့် ညီအစ်ကိုတွေကလက်ဆောင်ပေးဖို့ အခွင့်အရေးမရှိတော့ပေ။ ထို့ကြောင့် ဒီည သူတို့ မင်္ဂလာ‌လက်ဆောင်ပေးမယ်လို့ ဆုံးဖြတ်လိုက်ကြပြီး မင်္ဂလာလက်ဆောင်အဖြစ် အိမ်မွေးတိရစ္ဆာန်စကေးစာအုပ်တွေ ၊ ကျောက်မျက်ရတနာအမျိုးမျိုး တို့ကို သူကြိုက်တာ ယူနိုင်တယ်။

Love you 59 seconds (Myanmar translation)Where stories live. Discover now