Ch 56: The Confession

3.7K 700 86
                                    


သူတို့ စားသောက်ရှင်းလင်းပြီးချိန် နှစ်နာရီထိုးနေလေပြီ။ အစောတုန်းကဝူဟန်ယင်းတတ်ကြွနေခဲ့ပြီး အခုတော့ခြေကုန်လက်ပန်းကျကာ ခွန်အားဇီးရိုးသာရှိတော့တယ်။ ပြီးခဲ့တဲ့ညကအိပ်မရဘဲ မနက်စောစောထခဲ့ရတာကြောင့်ဖြစ်မယ်။ ဒါ့ကြောင့် သူဆိုဖာပေါ်လှဲလိုက်တာနဲ့ အိပ်ပျော်သွားတာမဆန်းကျယ်တော့ပေ။

ရှချန် နာရီကြည့်လိုက်တော့စောနေသေး၍ ကောင်လေးကိုဒီတိုင်းလွတ်ထားလိုက်သည်။
လေးနာရီထိုးခံနီးအချိန်မှ ကောင်လေးကိုနှိုးရန်လျှောက်လာတယ်။ ကျောင်းကိုပြန်ရန်ပြင်ဆင်စရာရှိတာ ပြင်ဆင်ရဦးမည်။

ဝူဟန်ယင်းအိပ်ချင်မူးတူးဖြင့် နာရီကို အချိန်အတော်ကြာစူးစိူက်ကြည့်ပြီးမှ လေးနာရီရှိမှန်း သိလိုက်ရတယ်။ သူတကယ်နှစ်နာရီလောက်အိပ်ခဲ့တာပဲ...

သူအမြန်ထကာ အိပ်ချင်စိတ်ပြေအောင် မျက်နှာသစ်တယ်၊ သူ့လွယ်အိတ်နဲ့လက်တော့ပ်ယူရန် အိမ်ပြန်ပြီးနောက် ရှချန်နဲ့အတူ ကျောင်းသို့ဦးတည်လေသည်။

နေ့လည်က သူအများကြီးစားခဲ့ကာ ... ကျောင်းပြန်ရောက်သည့်အချိန် ကန်တင်းဖွင့်ချိန်နဲ့ အံကိုက်ပဲ။ သို့သော် သူဗိုက်မဆာသေးတော့ ဆာတဲ့အချိန်စားလို့ရအောင် ဖက်ထုပ်အနည်းငယ်ဝယ်ရန်ဆုံးဖြတ်လိုက်တယ်။

ရှချန်က အဆောင်ဒုတိယထပ်မှာနေ၍ ဝူဟန်ယင်းနှုတ်ဆက်လိုက်ပြီး သူ့အခန်းရှိရာခြောက်လွှာသို့ မပင်မပန်းသက်သက်သာသာတက်လာတယ်။ ခြောက်နာရီမထိုးသေးပေမယ့် သူ့အခန်းဖော်သုံးယောက်ကပြန်ရောက်နှင့်နေပြီ။

ကျောင်းထန်တံခါးဖွင့်သံကြားလိုက်တော့ ဝူဟန်ယင်းပြန်ရောက်ပြီဆိုတာ တန်းသိလိုက်သည်။ ထို့ကြောင့် နေရာမှခုန်ကာ တဖက်လူကိုဖမ်းဆွဲလိုက်ပြီး "ဖာ့ခ်...မင်းနောက်ဆုံးတော့ပြန်ရောက်ပြီပေါ့။ ဂိမ်းထဲမှာတနေ့လုံးရုတ်ရုတ်သဲသဲဖြစ်နေတာ ... ဒါတောင် အခုမှအဓိကဇာတ်ကောင်ပေါ်လာတယ်။"

"ဟင်? ဘာဖြစ်ကြလို့လဲ?" ကျောင်းထန်စကားကြောင့် ဝူဟန်ယင်းခေါင်းရှုပ်သွားတယ်။

"ငါတို့နောက်အပတ်စာမေးပွဲရှိတာတောင် မင်းဂိမ်းဆော့ဖို့အချိန်ရှိသေးတယ်?"

Love you 59 seconds (Myanmar translation)Where stories live. Discover now