Ch 58

3.7K 635 53
                                    


ဝူဟန်ယင်းဖုန်းဘယ်လိုချခဲ့လဲ မမှတ်မိဘူး။ သူ့မျက်နှာတစ်ခုလုံးမှ နားရွက်ထိနီရဲနေတာပဲသိတယ်။ ရှချန်အသံသည် နူးညံ့ညင်သာပြီး ရေလိုကြည်လင်အေးချမ်းကာ အလိုလိုက်သည့်ခံစားချက်ကို ပေးဆောင်သည်။ ဒါကို သူကျင့်သားမရသေးပေ။ အနေခက်ပေမယ့် သူ့ရင်ထဲထိမိတယ်လို့တော့ ပြောရမည်။

သူဂိမ်းထဲမဝင်တော့ဘဲ တစ်ညလုံးစာလေ့လာခဲ့တယ်။ အိပ်ယာဝင်ချိန်ထိ စိတ်လှုပ်ရှားနေတုန်းပဲ။ ဝူဟန်ယင်း နောက်တစ်ကြိမ် မျက်နှာကျက်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်တယ် ... သူအိပ်မရဘူး... Love You 59 Secondsနဲ့တွေ့ခဲ့သည့်အချိန်မှစ၍ ဘယ်နှကြိမ်မှန်းမသိ သူအိပ်မပျော်သည့်ဝေဒနာကို ခံစားနေရသည်။

နောက်တစ်နေ့မှာသာ စာမေးပွဲမရှိခဲ့ရင် အိပ်ယာထဖို့ ခွန်အားရှိမှာလည်းမဟုတ်ဘူး။ မနက်ခင်းပုံမှန်လုပ်နေကျအတိုင်း လုပ်နေသော်လည်း သူ့မျက်လုံးများက ပိတ်ထားဆဲပင်။

အတန်းသွားမည့်အချိန်မှာ ရွေးချယ်စရာမရှိမျက်လုံးတွေကို ဖွင့်ရပေသည်။ စာမေးပွဲစစ်ဆေးခြင်း တရားဝင်စတင်လေပြီ။ အချို့အများစုသည် open bookစာမေးပွဲဖြစ်သော်လည်း ပိုသက်သာတယ်လို့မဆိုလိုဘူး ... အနည်းဆုံး သူ့ရဲ့အသုံးမပြုသည်မှာ ခပ်ရှားရှားဖြစ်တဲ့ ညာဘက်လက်သည် အခုတော့ဆင်းရဲဒုက္ခခံရတော့မယ်။

ဝူဟန်ယင်းတစ်ယောက် စာအုပ်ထဲမှစာရွက်ကိုလှန်ပြီး သူ့အဖြေလွှာတွင် ရှည်လျားသောစာပိုဒ်ကို ကူးယူရေးသားလေသည်။ နှလုံးသားထဲ၌လည်း တစ်ချိန်လုံး ပရော်ဖက်ဆာရှကို အကြိမ်များစွာ ဆူပူကြိမ်းမောင်းနေမိသည်။

မနေ့ညက မတ်ဆေ့ခ်ျကိုမှတ်မိသွား၍ အံမကြိတ်ဘဲ မနေနိုင်တော့ပေ ... အဲဒီ့ 'မနက်ဖြန်မှတွေ့မယ်' ဆိုတာကြီးကို ငါမတွေ့မိလို့ မရဘူးလား...ဟင်...

ပရော်ဖက်ဆာရှ ရူးကြောင်ကြောင်လုပ်နေတာတွေ ရပ်သင့်ပြီ!

စာပိုဒ်အမြောက်အမြားကူယူပြီး၍ အဖြေလွှာစာရွတ်တစ်ရွက်ကို သတ်လိုက်သလားပဲ...ကျန်ရှိသော စာရွက်ဖြူနှစ်ရွက်ကိုကြည့်ပြီး ဘောပင်တစ်ချောင်းထဲ မလုံလောက်ဘူးလို့ တွေးတောလိုက်သည်။

Love you 59 seconds (Myanmar translation)Where stories live. Discover now