Ch 60

3.5K 656 40
                                    

အသင်းထဲတွင် ဝူဒေါင်လေးက လယ်ဗယ်အနိမ့်ဆုံးဖြစ်သည်။ Levelအမြင့်က levelအနိမ့်နှင့် ချက်စ်လုပ်လျှင် သေချာပေါက် levelနိမ့်က expသိပ်မရပေ။

တစ်ချိန်တည်းမှာပဲ levelမြင့်အကောင့်ကလည်း expအနည်းငယ်သာရရှိသည်။

အသင်းchannelတွင် အားလုံးက လေမုန်းတိုင်းတိုက်ခတ်သလို စကားပြောဆိုနေကြတယ်။ သူတို့ရဲ့အဓိကရည်ရွယ်ချက်က သူတို့အိမ်မွေးလေးတွေကို အဆင့်မြင့်ပေးဖို့ပဲ။

အိပ်ယာမဝင်မှီ အသင်းသည် ဗီလိန်အမဲလိုက်ခြင်းပြုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့ ပွဲစဉ်တွေ တစ်ချီပြီးတစ်ချီကစားလိုက်သော်လည်း အသုံးမဝင်သည့်ရတနာများနဲ့ အမှိုက်တွေသာ ရရှိသည်။ ဘယ်သူမှ အဖိုးတန်ရတနာတွေ ရရှိဖို့ ကံမကောင်းကြဘူး။

၁၂နာရီဝန်းကျင်လောက်မှ ဝူဟန်ယင်းအိပ်ယာထဲရောက်တော့တယ်။ သူ့ဖုန်းကို စမ်းတဝါးဝါးနဲ့ အချိန်ကြာကြီး မတ်ဆေ့ခ်ျရိုက်နှိပ်နေတယ်။ နောက်ဆုံးတော့ သူ မပို့ဖြစ်ပေ။ သူ အိပ်ရန် အလွန်စိတ်လှုပ်ရှားလွန်းသည်ကို ရှချန်ကိုပြောဖို့ နည်းနည်းရှက်မိသည်။ သူတကယ် စိတ်လှုပ်ရှားနေတယ်။ မနက်ဖြန် ရှချန်သူငယ်ချင်းတွေနဲ့ တွေ့ဆုံရမှာ သူထူးဆန်းသလို ခံစားရတယ်။

သူတို့‌တတွေအချင်းချင်း အွန်လိုင်းတွင်သိကြတယ်၊ နေ့တိုင်းဂိမ်းမှာ စကားပြောဖြစ်ကြတယ်။ အပြင်မှာ တွေ့ဖို့ကျဖို့ မတူညီတဲ့ကိစ္စရပ်ပင်။

နေက်တနေ့၌ ဝူဟန်ယင်းမနိုးမချင်းအိပ်စက်နေကာ နိုးသည့်အချိန် ဖုန်းကိုလှမ်းယူပြီး အချိန်ကြည့်လိုက်တယ် ... ၇နာရီပဲရှိသေးတယ်။ သူဖြည်းညှင်းစွာ အိပ်ယာမှထပြီး မနက်ခင်းအချိန် ထုံးစံအတိုင်းလုပ်ဆောင်ပြီး မနက်စာစားတယ်။ အိမ်တွင် မည်သူမှမထကြသေးပေ။

ရှချန် ဒီလိုအချိန်မတော်မနိုးလောက်သေးဘူးဟု သူတွေးလိုက်မိသည်။ ထို့ကြောင့် ထိုလူကို မကြင်နာစွာ မတ်ဆေ့ခ်ျပို့ရင်း အိပ်နေသည်ကို နှောင့်ယှက်လိုက်တယ်။

ကြည့်ရတာတော့ သူထင်ထားသလို မဖြစ်လာခဲ့ပေ ... မကြာခင် သူ့ဖုန်းဝင်လာကာ ဖုန်းစခရင်မှာ လင်းထိန်နေသည်...

Love you 59 seconds (Myanmar translation)Where stories live. Discover now