Ch 54: The Interview

3.4K 645 79
                                    


ရှောင်ဝူ.ဆုကျုံးတွင်လျှောက်ပတ်နေခိုက် မြို့ထဲမှဆိုင်တစ်ခုချင်းစီကို ဂရုတစိုက်လေ့လာတယ်။ သူပြီးသွားသည့်အချိန် ကိုးခန်းကုန်သွယ်အသင်းမှ ပစ္စည်းအချို့ကြည့်ရန်လျိုယောင်သို့ဦးတည်သည်။ Love You 59 Secondsဆိုင်လည်း ဒီမှာရှိ‌တာအခုမှသတိရလိုက်တာကြောင့် ဆိုင်မှပစ္စည်းအချို့ရှင်းလင်းမယ်လို့ဆုံးဖြတ်လိုက်၏။

သူနာရီကြည့်လိုက်တော့ ၁နာရီခွဲလောက်ကြာနေပြီ ဖြစ်သော်လည်း Love You 59 Secondsနာမည်က မီးခိုရောင်ဖြစ်နေတုန်းပဲ။

ဝူဟန်ယင်းအလွန့်အလွန်ပျင်းတာမို့ ကိုးခန်းကုန်သွယ်အသင်းဆီပြန်ရှာဖွေတယ်။ ဒါ့စွမ်းနဲ့ရှောင်ရှောင်လေးကတော့ အလွန်ဇွဲကောင်းတယ်။ အကြိမ်ရေအချို့သတ်ခံရပြီး ငရဲဆီပို့ခံရပေမယ့်လို့ပေါ့။

{Team}[ရှောင်ရှောင်လေး~]: ဟားဟားဟား <ရယ်နေသောအမူအရာ>
{Team}[ရှောင်ရှောင်လေး~]: ငါနှစ်ယောက်သတ်လိုက်တယ်ဟ!

{Team}[222]: ++++
{Team}[222]: ငါသေတော့မယ်+++

{Team}[ရှောင်ဝူ.]: ......
{Team}[ရှောင်ဝူ.]: မင်းတို့နှစ်ယောက်မြို့ဆီပြန်လာသင့်တယ်

ဝူဟန်ယင်းအသင်းchatကိုကြည့်ပြီး ဘာအမူအရာပြရမလဲတောင်မသိတော့။ သူတို့သုံးယောက်ရွှယ်ယွမ်တွင် မလှုပ်မယှက်ရှိခဲ့ကာသတ်ခံလိုက်ရပြီး ငရဲပို့ခံလိုက်ရတယ်။ သူတို့မြို့ပြန်ရောက်သည့်အချိန် အခြားသူတွေ သူတို့နောက်လိုက်လာကြတယ်။

ရှောင်ဝူ.ကlevel 90ဖြစ်သော်လည်း ဒီ‌အကောင့်ကိုသူကိုယ်တိုင်လေ့ကျင့်ပေးတာမဟုတ်လို့ စကေးတွေနဲ့မရင်းနှီးပေ။ သူ့ကစားနည်းက အဲ့လောက်မကောင်းတာတော့ ပြောစရာမလိုတော့ သူပထမဆုံးငရဲပို့ခံလိုက်သည်။ ပြီးမှ ဒါ့စွမ်းနဲ့ရှောင်ရှောင်‌က သူ့နောက်လိုက်လာကြတယ်။ တဖက်လူတွေကအများကြီးမို့လို့ သူတို့ဘယ်လိုနည်းနဲ့မှမနိုင်ပေ။

အကူညီမဲ့စွာဟင်းချိုသောက်ပြီးသွေးဖြည့်ရန် သူလျိုယောင်ကိုပြန်လာခဲ့တယ်။ အားလုံးကသူ့ကိုစက်ဆုပ်ရွံ့ရှာသည့်အခြေအနေကိုရောက်နေတာ သတိရတော့သူတကယ်ရှက်မိတယ်။ သူခြေနှစ်လှမ်းလျှောက်လိုက်ပြီး သူ့နောက်ကိုတစ်စုံတစ်ယောက်လိုက်နေသည်ကိုသတိထားမိ၏။ ထို့ကြောင့် သူမြို့ပြင်ထွက်ဖို့တောင်မတွေးတော့ဘူး...

Love you 59 seconds (Myanmar translation)Where stories live. Discover now