Ch 32: The Assembly Hall

2.6K 602 35
                                    

ဝူဟန်ယင်းနည်းလမ်းအသစ်ကို ကြိုးစားကြည့်ချင်တယ် ... တစ်ခုခုတွေးမိပြီးနောက် ထိုင်နေရာမှထကာ အားကောင်းသောလျှပ်စစ်ကိရိယာကို ရှာသည်။

ဤနည်းလမ်းကို ကြိုးစားကြည့်ဖို့ရာ အချိန်စောင့်ရဦးမည်ဆိုတာ သတိရလိုက်သည်။ အကယ်၍ ဒီနည်းလမ်းသာအောင်မြင်ပါက သူတို့တွေတစ်ညလုံးဂိမ်းထိုင်ကစားနိုင်ပြီ။ မနက်၃နာရီ၌ ရှောင်ဝူနဲ့ Love You 59 Seconds လက်ထပ်မှာဖြစ်ပြီး သူ့သူငယ်ချင်းတွေကို မမြင်စေချင် ...

၁၁နာရီတွင် ပါဝါပြတ်တောက်သွားသောကြောင့် Love You 59 Secondsကို နှုတ်ဆက်ပြီး မျက်နှာသစ်ကာ အိပ်ယာဝင်သည်။ မနက် ၂:၅၅မှာ ဖုန်းalarmပေးပြီး vibrate moodကိုပြောင်းလိုက်သည်။

အိပ်ယာပေါ်သို့ တွားသွားကာ သူအိပ်မပျော် ... မီးပျက်နေသော်ငြားလည်း ကျန်သုံးယောက်ကတော့ ဂိမ်းကစားနေတုန်းပင် ...

ဝူဟန်ယင်း လှိမ့်ရင်း သူ့ကိုယ်သူမေးမိသည်။ ဘယ်လိုကြောင့် သူ့အဖိုးတန်သမီးလေးကိုဒီလို ရောင်းမိပါလိမ့်?! ဒါမတန်ဘူး! XC ‌အကောင့်ရဲ့အိုင်ဒီနဲ့ပတ်စ်ဝေါ့ကို သူအစတည်းကသိပြီးသားလေ !! ဖြူစင်တဲ့သမီးလေးကို ဘာမှမဟုတ်တာအတွက်ရောင်းမိတယ်...

(T/N XCအကောင့်ကိုအလကားပေးပေမယ့် အစတည်းကသူသိပြီးသားပါ။ ဟိုကလက်မခံရင်တောင် သူရပြီးသားပဲ။ အခုသူ့ရှောင်ဝူလေးကို အဲ့အကောင့်နဲ့လဲလိုက်တာ အချည်းနှီးဖြစ်သွားလို့ ဝူဟန်ယင်း စိတ်ညစ်ရှာတာ > <)

အဲ့တာကသူ့ကိုယ်ကို အရှင်လတ်လတ်ဓားနဲ့လှီးလိုက်သလိုပင် ...

အားလုံး၏လက်တော့ပ်‌တွေက ဘတ်ထရီမရှိတော့၍ နောက်ဆုံးတော့ မနက်တစ်နာရီတွင်တိတ်ဆိတ်သွားလေသည်။

အိမ်မက်ကမ္ဘာထဲ ဝူဟန်ယင်းရောက်တုန်းရှိသေးတယ် ...သူ့'နား' နားမှ ကျယ်လောင်သော 'တစီစီ' မြည်သံကိုကြားလိုက်ရတာကြောင့် လန့်ကာ အမြန်ထထိုင်၍ မကြည့်ဘဲ ပိတ်လိုက်သည်။

အိပ်ချိန်နည်းတာမို့ ဒယီးဒယိုင်ဖြစ်နေပြီး စိတ်တွေရှုပ်ထွေးနေတယ်။ လက်တော့ပ်ဆီသွားရန် ကုတင်ပေါ်မှ ထလိုက်ချိန် 'ကျွီကျွီ' အသံက သူ့ကိုတောင့်ခဲစေတယ်။

Love you 59 seconds (Myanmar translation)Where stories live. Discover now