မီးပြတ်သွားသည့်အခါ ဝူဟန်ယင်းသန့်ရှင်းဆေးကြောပြီး အိပ်ယာမဝင်ခင် ရှချန်အား ‘ဂွတ်နိုက်’ လို့ မတ်ဆေ့ခ်ျပို့လိုက်၏။
သနားစရာရှချန်တွက်တော့ ဂိမ်းထဲမှထွက်မည့်ချိန်တွင် ဒုက္ခပေးသောလူနှစ်ယောက်နှင့် အမှတ်တမဲ့တွေ့သည်။
သူတို့က ရှောင်ရှောင်လေးနှင့် အိုအိုအိုမှ လွဲလို့ ဘယ်သူမှမဖြစ်နိုင်ပေ...ထိုနှစ်ယောက် ရုတ်တရက်ပုံမှန်သွားနေရာက ဘာလို့လမ်းကြောင်းပြောင်းလိုက်လဲ ဘယ်သူမှမသိဘူး … သူတို့ပြောင်းလိုက်သည်နှင့် ယင်းဟန်နဲ့အတူ ကြံ့ပေါ်၌ ချစ်ကြည်နူးနေသော Love You 59 Secondsနှင့် မထင်မှတ်ဘဲ ပက်ပင်းတိုးလေသည်။
ဒါ့အပြင် အခြေအနေကိုမသိတဲ့ မိန်းကလေးနှစ်ယောက်မှာ အလွန့်အလွန်ဒေါသထွက်သွားကြတယ်။ရှောင်ရှောင်လေး အရှေ့သို့ပြေးလာကာ Love You 59 Secondsရှေ့၌ ခုန်ပြီး ထိပ်တိုက်တွေ့သည်။
{Nearby}[ရှောင်ရှောင်လေး~]: !! လောင်ဒါ့!! အဲ့ယင်းဟန်က ဘယ်သူလဲ!
{Nearby}[အို အို အို~]: လောင်ဒါ့ … နင်လှေလှံနှစ်ဖက်နင်းတာ ငါတို့ဖမ်းမိပြီ!
{Nearby}[ရှောင်ရှောင်လေး~]: မရီးကအလုပ်များနေတာတောင် ရှင်က သူ့ကိုနောက်မီးလင်းတယ်ပေါ့!
{Nearby}[အို အို အို~]: <ဒေါသထွက်နေသောအမူအရာ>ထိုမိန်းမငယ်လေးနှစ်ယောက်ကြောင့် ရှချန်ဆွံ့အကြက်သေသေသွားသည်။ နှစ်ယောက်သား ရှင်းပြဖို့နေရာတောင်မပေးေပ။
{Guild}[ရှောင်ရှောင်လေး~]: <ဒေါသထွက်နေသောအမူအရာ> လောင်ဒါ့လှေလှံနှစ်ဖက်နင်းတာ ငါမြင်ခဲ့တယ်!
{Guild}[ရှောင့်ကျို့ကန်]: <အံ့ဩသောအမူအရာ> မဖြစ်နိုင်တာ
{Guild}[ရှောင့်ကျို့ကန်]: မယုံနိုင်စရာပဲ
{Guild}[ချမ်ချမ်ကျွင့်ဇူ]: ငါအခုမှဝင်လာတာနဲ့ ထိတ်လန့်စရာသတင်းကြီးကြားရပြီ။
{Guild}[ရှောင်ရှောင်လေး~]: ဟမ့် လောင်ဒါ့ ဒီကိုလာခဲ့!
{Guild}[ရှောင်ရှောင်လေး~]: လောင်ဒါ့နဲ့ ဟိုကောင်မလေး ယင်းဟန်နာမည်အကောင့်နဲ့ ကြံ့စီးပြီး မြေပုံအတူပတ်နေကြတယ်!
{Guild}[အို အို အို~]: <ဒေါသထွက်နေသောအမူအရာ>{Guild}[ရှောင့်ကျို့ကန်]: အမ် အိုခေ … အတော်ကို တုန်လှုပ်စရာပဲ။
{Guild}[ချမ်ချမ်ကျွင့်ဇူ]: ရှော့ခ် …<အံ့ဩသောအမူအရာ>
{Guild}[ရှောင့်ကျို့ကန်]: ဒီဂြိုလ်သားတွေကတော့ … မရီးနာမည်ဘာလဲ မသိဘူးလား?
{Guild}[ရှောင်ရှောင်လေး~]: ???
{Guild}[Love You 59 Seconds]: စနေနေ့လူစုမယ် … မင်းတို့လာမှာလား?
{Guild}[ရှောင့်ကျို့ကန်]: သေချာတာပေါ့ … ငါလာမယ်!
{Guild}[ချမ်ချမ်ကျွင့်ဇူ]: မရီးရောသဘောတူလား?
{Guild}[Love You 59 Seconds]: အမ်း
ရှချန်လွယ်လွယ်ပင် သူတို့အာရုံလွှဲလိုက်၏။
{Guild}[ရှောင်ရှောင်လေး~]: ဘာလူစုကြတာလဲ?! နင် နင် နင် နင်တို့တွေ တွေ့ဆုံပွဲလုပ်ကြမှာလား!
{Guild}[ရှောင့်ကျို့ကန်]: အားယိုး သိပ်ကောင်းတယ် ... အားကျစမ်း ၊ မနာလိုစမ်း။ ငါတို့မရီးသွားတွေ့ကြမလို့လေ
{Guild}[အို အို အို~]: *လက်ကိုင်ပဝါကိုက်လျက်*
{Guild}[ရှောင်ရှောင်လေး~]: ငါလည်းသွားချင်တယ်! အော့်ဖ်လိုင်းတွေ့ဆုံပွဲလုပ်ကြရအောင်!
YOU ARE READING
Love you 59 seconds (Myanmar translation)
RomanceOriginal Author- Yun Guo Shi Fei ⟨⟨云过是非⟩⟩ English translater - Midori & Neko ဝူဟန်ယင်းတစ်ယောက် မသိရသည်မှာဘာကြောင့်လူအုပ်ကြီးတစ်အုပ်သူ့နောက်လိုက်လာပြီး "မရီး" လို့ခေါ်တဲ့အကြောင်းရင်း? ရှချန်ဘယ်အချိန်တည်းကနည်းနည်းကြောင်တောင်တောင်နဲ့နာခံတတ်တဲ့ ဝူဒေါင...