Ch 41: 'Long Absence' from the Game

2.8K 592 17
                                    

‌ခြောက်နာရီအချိန်၌ ဝူဟန်ယင်းအိမ်ပြန်ရောက်ကာ အပြင်တွင်မှောင်စပြုနေပြီ။ ဖုန်းဆိုင်တွင် အချိန်အကြာကြီးရှာဖွေနေကာ နောက်ဆုံး၌သူနှစ်သက်သည့်တစ်ခုကို ရွေးခဲ့တယ်။ ဈေးကြီးသော်လည်း သူ့ဘဏ်ကဒ်တွင်လုံလုံလောက်လောက်ရှိသည်။

ဖုန်းဆိုင်ကနေ သူ့အိမ်ကိုပြန်ရာတွင် မှောင်လာသဖြင့် ရှချန်လိုက်ပို့သည်။ လမ်းကြားလေးက အလွန်ကျဉ်းမြောင်းသောကြောင့် အဆောက်အဦးရှေ့တွင်သာ ဝူဟန်ယင်းကိုပို့ပေးသည်။

ထိုနားတဝိုက်ရှိ စတိုးဆိုင်အသေးလေးရှိသော အနီးနားသာ လင်းထိန်နေပြီး ကျန်နေရာတွေသည် မှောင်‌မဲနေ၏။ ဝူဟန်ယင်းကားပေါ်မှဆင်း၍ ရှချန်ကိုဘာမှမပြောရသေးခင် သူ့နာမည်ကိုတစ်စုံတစ်ယောက်ခေါ်သံကြားလိုက်ရတယ်။

နောက်လှည့်ကြည့်လိုက်တော့ စတိုးဆိုင်ငယ်လေးမှ ဝူနျဉ်သူတို့ဆီပြေးလာသည်ကို တွေ့ လိုက်ရပြီး သူ့နှလုံးရပ်သွားသလိုပင်။

"ကား...ကား...သမီးလည်းအဲ့ကားစီးချင်တယ်!"

"မပြေးနဲ့စမ်း...လူတွေနဲ့မတိုက်မိအောင်သတိလေးထားဦး!" ဝူနျဉ်အမေဖြစ်သူ သူမနောက်လိုက်လာရင်းပြောသည်။

ဝူနျဉ်လက်လှမ်းကာ ကားတံခါးဆွဲဖွင့်မယ်ပြုစဉ် ဝူဟန်ယင်းတားလိုက်သည်။ သူ့အန်တီကဝူနျဉ်ကို ချီ၍ သူမလက်ကိုရိုက်ပြီး "မထိနဲ့ ...ကားထိခိုက်မိရင် နင်တောင်တတ်နိုင်မှာမဟုတ်ဘူး"

"အဲ့ထဲဝင်စီးချင်တယ်" ဝူနျဉ် ဝမ်းနည်းစွာနှုတ်ခမ်းဆူငေါ့သည်။ ရှချန်ကားထဲမှထွက်လာပြီး ဝူဟန်ယင်းပခုံးအားပုတ်၍ "မြန်မြန်ပြန်...ရှောင်ရှောင်းကိုပြန်ပို့လိုက်ဦးမယ်"

ဝူဟန်ယင်း ခေါင်းငြိမ့်ပြပြီးနောက် ရှချန်ဘာမှမပြောတော့ဘဲ ကားပေါ်တတ်၊ ထွက်သွားသည်။

အဆောက်အအုံထဲရောက်တော့ သူ့မိသားစုက ညစာအတွက်ပြင်ဆင်နေကြသည်။ နေ့လည်ကအများကြီးစားထားသဖြင့် ဗိုက်မဆာပေ။ ထို့ကြောင့်အခန်းထဲတန်းဝင်တယ်။ အခန်းထဲတွင် တစ်ခုခုထူးဆန်းသလိုခံစားရပြီး ရုတ်တရက်သတိထားမိလိုက်တာက သူဝတ်ထားတာ ရှချန်ကုတ်အင်္ကျီ ၊ သူပြန်ပေးဖို့မေ့ခဲ့တာ...

Love you 59 seconds (Myanmar translation)Where stories live. Discover now