Ch 66

3.6K 641 111
                                    

အော့ဖ်လိုင်းတွေ့ဆုံပွဲအပြီး နှစ်ရက်အကြာ ရှချန်သည် ဝူဟန်ယင်းကို အပန်းဖြေခရီးတိုခေါ်ဆောင်သွားတယ် ... ဆောင်းရာသီဖြစ်သော်ငြားလည်း ကမ်းခြေဆီသွားပြီး သူတို့လမ်းလျှောက်ထွက်ချင်သေးကြသည်။

ရှချန်ကားကို ဂျစ်ကားအကြီးလဲလိုက်ပြီး ရှောင်ဝူလေးအတွက် မုန့်များစွာပါသော သေတ္တာဘူးများလည်း သယ်ယူလာသည်။ ဆယ်နာရီကျော်ကြာ မောင်းနှင်ရမှာဖြစ်၍ သူတို့ညအချိန်ထွက်ခွာရန် ရွေးချယ်လိုက်သည်။

ဝူဟန်ယင်းစိတ်လှုပ်ရှားလွန်းလို့ ဂျစ်ကားပတ်ပတ်လည် အကြိမ်အနည်းငယ်ခုန်ပေါက်‌လိုက်သေးသည်။

ဒီလိုနောက်ကျတဲ့အချိန်တွင် ကားများများစားစားသိပ်မရှိပေ။ ကောင်လေးရဲ့မျက်ဝန်းတွင် စိတ်အားထက်သန်မှုအလင်းတန်းဖြတ်ပြေးသွားတာ ရှချန်မြင်လိုက်ရတာကြောင့် ကောင်လေးအားစတီယာတိုင်ကို စိတ်ကြိုက်အသုံးပြုခွင့်ပေးထားလိုက်သည်။

ဒါပေမယ့် ...

သူသည် စတီယာတိုင်နှင့် သက်တောင့်သက်သာဖြစ်အောင်လုပ်ပြီး ကားအင်ဂျင်စက်နှိုးလိုက်ကာ ငါးမိနစ်မျှ သတိလစ်‌‌မိန်းမောစွာထိုင်နေမိသည်။

ဝူဟန်ယင်းသည် ရှချန်ကို မချင့်မရဲနှင့်ကူကယ်ရာမဲ့ဟန်အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ့၌ကားမောင်းလိုင်စင်ရှိသော်လည်း သူ့ပိုက်ဆံအိတ်ထဲပဲ အချိန်အတော်ကြာသိမ်းထားခဲ့တာ ...
တစ်လကျော်‌ကျော်အတွင်းမှာပဲ ကားလမ်းစည်းမျဉ်းစည်းကမ်းတွေ စသင်ယူနေစဉ် ကားမောင်းလိုင်စင်ရရှိခဲ့တယ်။ အရမ်းမြန်ဆန်တယ်လို့ ပြောရလိမ့်မယ်။

ထို့ကြောင့် သင်ပြဆရာက သူ့ကို အင်ဂျင်စက်နှိုးတဲ့အခါ ဂတ်စ်ခြေနင်းနှင့်ဂီယာပြောင်းကိုအတူ ဘယ်လိုအသုံးပြုရတယ်ဆိုတာ သင်ပေးဖို့အချိန်မရှိခဲ့ပေ။

သူကားထဲဝင်တာနဲ့ အင်ဂျင်က ဖွင့်လိုက် ပိတ်လိုက်လုပ်ဆောင်နေတာ သိသာ‌သည်။

ရှချန် သူ့မျက်နှာသူ လက်ဖဝါးဖြင့်အုပ်လိုက်ပြီး သူမောင်းတာပဲ ပိုကောင်းပါတယ် ... မဟုတ်ရင် ဘယ်တော့ရောက်မလဲ မသိပေ။

Love you 59 seconds (Myanmar translation)Where stories live. Discover now