Zawgyi
{Team}[ရှောင်ဝူ.]: ရှစ်ဖူ ဘယ်လိုတောင်မြန်ရတာလဲ =.=
{Team}[Love You 59 seconds]: BB လဲလှယ်ရေးဘဏ်မှာ ရှိနေတာ (BB - Baby - ဂိမ်းထဲကအိမ်မွေးတိရစ္ဆာန်လေးကိုသုံးတဲ့ဗန်းစကား)
{Team}[ရှောင်ဝူ.]: ......
Team chatကို ဝူဟန်ယင်းကြည့်ပြီး XCအကောင့်ထဲဝင်ခဲ့စဉ်က လျိုယောင်ဘဏ်၌ မတ်တပ်ရပ်နေသည်ကို မှတ်မိသွားတယ်။ ထိုအချိန်တုန်းက သူအလျင်လိုနေသဖြင့် ပတ်ပတ်လည်ကို Love You 59 secondsရှိမှန်း ၊ မရှိမှန်း သတိမမူမိ ... သူတကယ်မထင်ခဲ့ပေ။
{Nearby}[ရှောင်ရှောင်လေး~]: အားယိုး ... အလှလေးကို သူရဲကောင်းတစ်ယောက် ကယ်တင်လိုက်တာဘဲ
{Nearby}[ရှောင်ရှောင်လေး~]: အားဝူး အားဝူး
ရှောင်ရှောင်၏စကားများကြောင့် ဝူဟန်ယင်းအံ့အားသင့်သွားသည်။ ထို့နောက် မြေပုံထဲတွင် တစ်စုံတစ်ယောက်ရှိနေမှန်း သတိထားမိလိုက်၏။
{Team}[Love You 59 seconds]: ငါပြန်သွားရမယ်
{Team}[Love You 59 seconds]: လဲလှယ်တာမပြီးသေးဘူး
{Team}[ရှောင်ဝူ.]: အို
{Nearby}[ရှောင်ရှောင်လေး~]: ငါ့ကိုဘာလို့ လစ်လျူရှုနေကြတာလဲ T T
{Nearby}[ရှောင်ရှောင်လေး~]: လောင်ဒ့ါ ငါ့ပါ ++++
Love You 59 seconds လွယ်လွယ်ပင် ရှောင်ရှောင်အား မသိကျိုးကျွန်ပြုကာ လျိုယောင်ကိုပြန်သည်။ သူမခေါင်းပေါ်၌ စာတန်းတွေတောက်လျှောက် ပေါ်လျက် XCပတ်လည် စက်ပိုင်းပုံပတ်နေသည်။
{Nearby}[ရှောင်ရှောင်လေး~]: လောင်ဒါ့ ဘယ်သူမှအွန်လိုင်းမတက်ကြဘူး ... ငါတစ်ယောက်တည်းရယ် ++++
{Nearby}[ရှောင်ရှောင်လေး~]: ငါနင်တို့နှစ်ယောက်နဲ့ levelအတူ up ဖို့သွားမယ်လေ
{Nearby}[ရှောင်ရှောင်လေး~]: ပြီးတော့ ငါတို့မရီးရဲ့သွေးကိုလည်း ဖြည့်ပေးလို့ရတယ်
{Nearby}[ရှောင်ရှောင်လေး~]: ++++ အိုကေလား?
(++++ ကရှောင်ရှောင် သူမကိုအသင်းထဲထည့်ပေးဖို့ပြောတာပါ အရင်တစ်ခါပြောခဲ့သလိုပါပဲ)
YOU ARE READING
Love you 59 seconds (Myanmar translation)
RomanceOriginal Author- Yun Guo Shi Fei ⟨⟨云过是非⟩⟩ English translater - Midori & Neko ဝူဟန်ယင်းတစ်ယောက် မသိရသည်မှာဘာကြောင့်လူအုပ်ကြီးတစ်အုပ်သူ့နောက်လိုက်လာပြီး "မရီး" လို့ခေါ်တဲ့အကြောင်းရင်း? ရှချန်ဘယ်အချိန်တည်းကနည်းနည်းကြောင်တောင်တောင်နဲ့နာခံတတ်တဲ့ ဝူဒေါင...