Ch 31: My Apprentice, Let's Get Married

2.9K 613 71
                                    

ဝူဒေါင်လေး စိတ်ဆိုးလျက်လှည့်ထွက်သွားသည်။ သူဌေးသားနဲ့ပြောဆိုရမှာ အလွန်ပျင်းရိ‌စရာကောင်းတယ်လေ ... သူအခုအရေးကြီးဆုံးကိစ္စလုပ်ရဦးမည်။ စတိုခန်းကိုသွားပြီး ဝမ်းသာခြင်းဆေးလုံးလေးလုံးကို ထုတ်ပြီး မစ်ရှင်လုပ်ရမယ်။

သူ့ဇာတ်ကောင်  ‌ခြေနှစ်လှမ်းသာ လှမ်းရသေးတယ် မိန်းမငယ်လေးရုတ်တရက်ရပ်သွားကာ အရှေ့သို့လျင်မြန်စွာ ပြေးလာတယ်။ စက္ကန့်ပိုင်းအတွင်း သူမက Love You 59 Secondsဆီပြေးလာပြီး ကော်ကဲ့သို့ တွယ်ကပ်နေသည်။

ဝူဟန်ယင်း မျက်လုံးတွေ မျက်လုံးအိမ်မှ ကျွတ်ကျတော့မလိုခံစားလိုက်ရတယ်။ တခဏ ထိုင်လျက် သူလုံးလုံးရှော့ခ်ရကာ နောက်မှ တစ်ဖြည်းဖြည်းအသိစိတ်ပြန်ဝင်လာသည်။  သူ့အကောင့်ကို followစနစ် အော်တိုဖွင့်ထားသည်ကို မှတ်မိသွားသည်။

အသင်းခေါင်းဆောင်က follow ကိုနှိပ်လိုက်၍ အသင်းသားတွေက ခေါင်းဆောင်ဆီဘယ်နေရာဖြစ်ဖြစ်ချက်ချင်းရောက်လာကြမယ်။ ဒါကအသင်းမစ်ရှင်တွေလုပ်ရင် အချိန်မကုန် ၊ လူမပင်ပန်းအောင်လုပ်ပေးထားသောစနစ်ပင်။ ဒါပေမယ့် အခုဟာကျတော့ ...

{Team}[ရှောင်ဝူ]: !!! ဘာလို့မင်းfollowing ဖွင့်လိုက်တာလဲ!!!!

{Team}[Love You 59 Seconds]: စတိုခန်းဆီခေါ်သွားမလို့

{Team}[Love You 59 Seconds]: အဲ့တစ်ခုက ပန်းပဲဘေးမှာ

အသင်းchatမှ နောက်ဆုံးမတ်ဆေ့ခ်ျကို ဖတ်ပြီး မြေပုံထောင့်တစ်နေရာမှ NPC ကိုတွေ့လိုက်ရသည်။ သေချာပေါက် သူ့ခေါင်းပေါ်တွင် စတိုခန်းမန်နေဂျာ လို့ရေးထားတယ်။

{Team}[ရှောင်ဝူ]: ......

သူ့ခေါင်းပေါ်တွင် အသံတိတ်အစက်ခြောက်စက်ပေါ်လာသည်။ ဂိမ်းကိုရက်များစွာ ကစားခဲ့တော့ အရေးပါအရာရောက်သောတိုးတက်မှုတွေ ရှိလာပြီလို့ ဝူဟန်ယင်း သူ့ကိုယ်သူထင်ခဲ့သည်။ သို့ပေမယ့် အခုထိ လူသစ်လို့ခံစားနေရတုန်းပဲ။ ထို့ကြောင့် ဒီမြေပုံမှာလည်းစတိုခန်းရှိသည့်ပုံပင်။ သူကြားဖူးတာ ပထမဆုံအကြိမ်ဖြစ်သည်။ ရှချန် ရှောင်ဝူကို ဆေးလုံးကျိုရန်ဆွဲခေါ်လာပြီး ဝေစန်းရီဆီ questပြန်ပေးဖို့ဦးတည်ပြန်တယ်။

Love you 59 seconds (Myanmar translation)Where stories live. Discover now