Zawgyi
“ ဒီကနေစပြီး ခြေလျင်ပဲသွားရတော့မယ် .. ”
“ . . . ”
လုဟိုက်ခွမ်းရဲ့အပြောမှာ အကုန်လုံး ခေါင်းညိမ့်လိုက်ကြပေမယ့် .. အတွေးကိုယ်စီနဲ့ စိတ်တွေကတော့ လေးလံနေခဲ့ .. ။
“ တည်းခိုဆောင် ရှာကြတာပေါ့ ..
ငါစုံစမ်းထားသလောက်တော့ ဒီအနီးတဝိုက်တင်ပဲ .. ”“ . . . ”
အထုတ်အပိုးတွေ မနိုင်မနင်းနဲ့ ကျိုးချန်က .. တည်းခိုဆောင်ရှာဖို့ရာ ရှေ့ဆုံးကသွားတယ် .. ။ ယွီပင်းကတော့ တသမ်းသမ်းတဝှါးဝှါးနဲ့ မျက်လုံးစုံပွတ်ရင်း .. ခြေလှမ်းတွေ ယိုင်တိယိုင်တိုင်နဲ့ .. ။
“ မကြာခင်ပဲ အဆုံးသတ်ကိုတွေ့ရတော့မယ် ..
စန့်ကျင် .. မင်း အဆင်ပြေရဲ့လား .. ”“ ကောကတော့ လူမှားမေးနေပြန်ပြီ .. ကျွန်တော်က အဆင်မပြေစရာ ဘာအကြောင်းရှိမှာလဲ .. ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်ကိုသာ ဂရုစိုက်ရမှာ .. ”
ဆိုတော့ .. ဟိုက်ခွမ်းက နောက်မှာလျှောက်လိုက်လာတဲ့ ရိပေါ်တို့ကို တစ်ချက်လှည့်ကြည့်တယ် .. ။
“ ဘာပဲဖြစ်လာဖြစ်လာ တစ်ယောက်တည်းဆုံးဖြတ်ချက်မချပါဘူးလို့ ကတိပေး .. ”
“ ကတိပေးတယ် .. ကျွန်တော်လဲ နောက်ထပ်အထင်လွဲတာတွေ ထပ်မကြုံချင်တော့ဘူး .. ပြီးတော့ အခုချိန်မှာ ကောနဲ့ကျွန်တော်က တစိမ်းတွေမဟုတ်ကြတော့ဘူးမလား .. တခြားသူတွေကို ပြောမပြချင်ရင်တောင် ကောကိုတော့ လျှို့ဝှက်ထားမှာမဟုတ်ဘူး .. ယုံ .. ”
“ စန့်ကျင် .. တကယ်တော့ အတိတ်ဘဝမှာတုန်းကတည်းက ကောက မင်းကို လက်ခံခဲ့ပြီးသား .. ”
“ . . . ”
အဲ့ဒီ့နောက်ပိုင်းကတော့ ယောက်ျားသားနှစ်ယောက်ကြားက ရိုးရှင်းတဲ့ချစ်စကားတိုးတိုးတွေသာဖြစ်တယ် .. ။ တိုးလွန်းမကထက်ကို တိုးနိုင်လွန်းတော့ ဘယ်သူမှတောင် မကြားနိုင်တော့တဲ့အထိပဲ .. ။
YOU ARE READING
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21