Part [97] ကံကြမ္မာ သို့မဟုတ်​ ဖူးစာ [ ကံကွမ်မာ သို့မဟုတျ ဖူးစာ ]

841 108 37
                                    

Zawgyi



ဒီ​နေ့နဲ့ဆို သူ .. ချုံချင့်​ကို​​ရောက်​​နေတာ ​တစ်​ပတ်​တိတိရှိပြီ .. ။

ဟိုက်​ခွမ်း​ကောအပါအဝင်​ အကုန်​လုံးကို အဆက်​အသွယ်​ဖြတ်​ထားဖို့က ဖုန်းပိတ်​ထားဖို့တစ်​ခုတည်းသာ လိုအပ်​တာမို့ .. သိပ်​​တော့အားထုတ်​​နေစရာမလို .. ။ မန်​​နေဂျာကြီးကို​တော့ ဒီလထဲ schedule ​​တွေအကုန်​ ​နောက်​ဆုတ်​ထားဖို့ ​သေချာမှာထားခဲ့တယ်​ .. ။ ​နောက်​ .. သူ့ကို လိုက်​မရှာဖို့ .. သူ​ပျောက်​​နေ​ကြောင်း တခြားသူ​တွေ မရိပ်​မိ​စေဖို့ကို​ရောပဲ .. ။


“ အိုးဟိုး .. ဒီတစ်​​ခေါက်​မစ်​ရှင်​က အကြီးကြီးပဲ ..
တကယ်​မလွယ်​ဘူး .. တကယ်​မလွယ်​ဘူး .. ”


ဆိုပြီး .. တတွတ်​တွတ်​​ရေရွတ်​ရင်းက​နေပဲ သူ့သ​ဘောကို လက်​ခံ​ခေါင်းညိမ့်​​ပေးရဲ့ .. ။


“ စိတ်​တိုင်းကျ​ပျော်​ခဲ့လူငယ်​​လေး ..
အရမ်းကြီး​တော့မကြာ​စေနဲ့ .. မဟုတ်​ရင်​ ​အေဂျင်​စီက ငါ့ကို တခြားသူဆီပို့လိုက်​လိမ့်​မယ်​ .. ”

လို့လဲ စ​သလို​နောက်​သလို သတိ​ပေးစကားဆိုတယ်​ .. ။

မပီမသပြုံးပြရင်းသူက ဘာဝန်​ခံကတိမှ​တော့ မ​ပေးဖြစ်​ .. ။ လူမြင်ကွင်းကေ​​န အရမ်းအကြာကြီး​ပျောက်​​နေလို့မဖြစ်​တာသိ​ပေမယ့်​ .. သူ့ရဲ့ယုန်​​ကောင်​​လေး သူ့ရင်​ခွင်​ထဲ ပြန်​​ရောက်​မလာမချင်း သူကလဲ ချုံချင့်​က​နေမပြန်​ဖို့ ဆုံးဖြတ်​ထားတယ်​ .. ။ ဒီတစ်​​ခေါက်​မှာ​တော့ဖြင့်​ ​ရှောင်းကျန့်​ဆိုတဲ့ယုန်​​ကောင်​​လေးကို ထပ်​ပြီးအဆုံးရှုံးမခံနိုင်​​တော့ဘူး .. ။ ဘယ်​လိုနည်းနဲ့မှ သူက .. ​နောက်တစ်ကြိမ် ​​​ဆုံးရှုံးခွင့်​မ​ပေး​တော့ပါဘူး .. ။

မှန်နံရံထက်က ​​လိုက်​ကာရှည်​​တွေကို ဆွဲဖယ်​လိုက်​တဲ့အခါ .. ​နေ​ရောင်​ပျပျက သူ့မျက်​နှာထက်​ ဖြာကျလာတယ်​ .. ။ ​ချစ်​ရတဲ့​ရှောင်းကျန့်​ရှိတဲ့ မြို့က​လေးမို့လဲ ဖြစ်​လိမ့်​မယ်​ .. ။ ချုံချင့်​ရဲ့​ကောင်းကင်​ကြီးက ပိုပြာပြီး .. ​​နေ​ရောင်​ခြည်​ကလဲ ပိုပြီး​လတ်ဆက်ေ​​နွး​ထွေး​နေခဲ့ .. ။ ​​လက်ဖမိုးတစ်ဖက်​​ကို မျက်​ဝန်း​တွေထက်​တင်​ပြီး ​နေ​ရောင်​က​နေ ကာလိုက်​တယ်​ .. ။ အခုချိန်​ သူလိုအပ်​​နေခဲ့တာ ​နေ​ရောင်​ခြည်​​နွေး​နွေးထက်​ .. ​ရှောင်းကျန့်​ရဲ့​ထွေး​ပွေ့မှုသာ ဖြစ်​​နေခဲ့လို့ .. ။

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Opowieści tętniące życiem. Odkryj je teraz