Part [60] အတိတ်နေ့ရက်များ _ ၁၈ [ Zawgyi + Unicode ]

942 92 4
                                    

Part [60]  အတိတ်နေ့ရက်များ _ ၁၈


ဟိုးအဝေးက လရောင်မှိန်မှိန်ဟာ တည်းခိုဆောင်ရဲ့ ရှေ့လမ်းကျဉ်းလေးထက် သဲ့သဲ့မျှဖြာကျလို့ .. ၊၊
ကြယ်တချို့ ထွန်းလင်းနေတဲ့တိုင် ညကောင်းကင်ကြီးဟာ ပြီးပြည့်စုံခြင်းမရှိသလိုပဲ .. ၊၊

တစ်ချက်တစ်ချက်တိုက်ခတ်လာတဲ့ ညလေအေးတွေက ဆံစဖျားလေးတွေကို ခပ်ဖြည်းဖြည်း လွင့်မြောစေတယ် ၊၊

အရှေ့ခန်းဆီက ဆရာဦးလေးနဲ့အစ်ကိုတော်တို့ကတော့ ကိစ္စရပ်တစ်ခုကို အပြင်းအထန်ဆွေးနွေးနေကြဆဲ .. ၊၊ ဘယ်လိုအကြောင်းအရာမှန်းမသိတဲ့တိုင် သာမန်လေး မဟုတ်မှန်းတော့ သူလဲ ရိပ်မိသိရှိနိုင်ပါတယ် .. ၊၊ အစ်ကိုတော်လန်ရှီးချန်က သိပ်လဲအစွန်းရောက်လို့ .. သူ့ရဲ့ညီလေးငယ်ကို ဒီကျင့်ကြံခြင်းလောကရဲ့ ရှုပ်ထွေးလှတဲ့ကိစ္စရပ်တွေ အသာထားလို့ .. သာမန်လူတွေကြား .. နောက် မြို့ကလေးအတွင်း နေ့စဉ်ဖြစ်ပျက်နေတဲ့ ကိစ္စသေးသေးလေးတွေကိုတောင်မှ ပေးမသိစေချင်ဘူး .. ၊၊

ပင်ကိုယ်ဖျော့တော့အားနည်းတဲ့သူ့ကို တခြားသောအကြောင်းအရာတွေနဲ့ ထပ်ပြီးမပင်ပန်းစေချင်တဲ့အတွက် .. ဆိုတဲ့ အကြောင်းပြချက်နဲ့ သူဟာ လောကကြီးအကြောင်း ဘာဆိုဘာမှကိုမသိလို့ .. အစ်ကို့တော်မျက်နှာကိုပဲကြည့်ပြီး အစ်ကိုတော့်အရိပ်အောက်မှာပဲ ရှင်သန်နေထိုင်လာခဲ့ရတယ် .. ၊၊ ဆရာဦးလေးအပါအဝင် တစ်ခြားသူတွေအမြင်မှာ အစ်ကိုတော်ဟာ အာဏာပြချုပ်ခြယ်သူကြီးအဖြစ် .. ကူးစူးလန်ရဲ့ ဂိုဏ်းချုပ်နေရာကို ကာကွယ်ရေးအတွက် အစီအစဉ်ကျကျ လုပ်ဆောင်နေသူအဖြစ် .. နောက် .. သူမှတစ်ပါး အခြားသောမှီခိုရာမတွေ့နိုင်အောင် ကြံရွယ်သူအဖြစ် .. အမျိုးမျိုးသောမှတ်ချက်တွေနဲ့ အစွန်းရောက်အတ္တသမားအဖြစ် သတ်မှတ်သမုတ်ကြပေမယ့် .. သူကတော့ မထင်ပါဘူး .. ၊၊

အမြဲလိုလို ပကတိကြည်စင်နေတတ်တဲ့ အစ်ကိုတော့်ရဲ့ မျက်ဝန်းတွေဟာ .. သူ့ကိုငုံ့မိုးကြည့်လာချိန်တိုင်း စိုးရိမ်ပူပန်ခြင်းတွေနဲ့ ပြည့်နေတတ်လို့ .. ၊၊
ထိကိုင်လိုက်ယုံနဲ့ ပဲ့ကြွေကျသွားနိုင်တဲ့ နှင်းပန်းပုလေးတစ်ခုလို .. လေသော့ရင် လွင့်ပါသွားတော့မယ့် စက္ကူပါးလေးတစ်ရွက်လို .. အရိပ်လို အနားမှာအမြဲရှိနေပြီး မျက်စိအောက်က အပျောက်မခံဘဲ ဂရုစိုက်စောင့်ရှောက်ပေးနေတဲ့
အစ်ကိုတော်ဟာ .. များပြားလှတဲ့ စွပ်စွဲချက်တွေကို ပြန်လည်ဖြေရှင်းခြင်း အလျင်းမရှိဘဲ .. သူတစ်ယောက်ထဲကိုသာ ယုံကြည်ဖို့ နွေးထွေးတဲ့မျက်ဝန်းတွေနဲ့ သက်သေပြတယ် .. ၊၊

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Wo Geschichten leben. Entdecke jetzt