Zawgyi
“ လော့ဒ် .. ထူးခြားပြီ ..
အဲ့ဒီ့ဒေါက်တာကောင် ဟိုတစ်ခေါက် ပေကျင်းကို တိတ်တိတ်လေးသွားတာ မှတ်မိတယ်မလား .. အဲ့ဒါ လုဟိုက်ခွမ်းရဲ့ရိုက်ကွင်းကိုပဲ .. ”“ အခုမှသိတာလား .. ”
“ မဟုတ်မှ .. လော့ဒ်က ကြိုသိနေတာ ..
မဖြစ်နိုင်တာကြီး .. ကျွန်တော်တောင် မနည်းစုံစမ်းခဲ့ရတာကို .. ကျွန်တော့်ထက်အရင် ဘယ်သူများပြောနိုင်မှာမို့ .. ”
မျက်မှောင်ကြုံ့ရင်း ရှူသိုသိုမျက်နှာပေးနဲ့ဟုဒ်က တကယ်လဲ ရယ်ချင်စရာကောင်းတယ် .. ။ ဒီလို ရိုးရိုးအအလူရွယ်လေးက သူ့ရဲ့ အားကိုးရတဲ့အပါးတော်မြဲတဲ့ .. ။ တကယ့်ကိုပါပဲ .. ။
ဖတ်လက်စစာရွတ်စာတမ်းဖိုင်တွဲကို စားပွဲထက် အသာချတယ် .. ။ စာကြည့်မျက်မှန်ကိုတော့ ဖိုင်တွဲထက်တင်တယ် .. ။ ဂရုတစိုက် ဖျောက်ဖျက်နေရတာ တစ်လုပ်ပိုပေမယ့် ဟုဒ်က တာဝန်ယူပေးတယ် .. ။ ထပ်ပြောရရင် ဒီလိုစာရွက်စာတမ်းအဖြစ် တကူးတကထုတ်ပေးလာတာလဲ ဟုဒ်ကိုယ်တိုင်ပဲရယ် .. ။ ဟိုတစ်ခေါက် မျက်မှန်ပါဝါတိုးလိုက်ပြီးကတည်းကပါပဲ .. ။ လပ်တော့စခရင်မ်နဲ့စာရင် စာရွက်စာတမ်းပေါ် ဖတ်ရတာက သူ့မျက်လုံးတွေအတွက် ပိုအဆင်ပြေလိမ့်မယ်တဲ့ .. ။
လိုအပ်သည်ဖြစ်စေ .. မလိုအပ်သည်ဖြစ်စေ .. ။
လက်ခံယူသည်ဖြစ်စေ .. ငြင်းပယ်သည်ပဲဖြစ်စေ .. ။
ချစ်ခြင်းမေတ္တာကတော့ အမြဲတစေ နွေးထွေးစေတာပါပဲ .. ။တခါတရံ အသေးအဖွဲဂရုစိုက်မှုလေးတွေကလဲ .. အေးခဲနေပြီးတဲ့နှလုံးသားဆီ အနွေးဓာတ်ပေးနိုင်စွမ်းရဲ့ .. ။
“ ဘယ်သူမှပြောစရာမလိုဘူး ..
ပေကျင်းဆိုကတည်းက ဘယ်သူ့ဆီသွားမှာမှန်း သိနေပြီးသား .. ငါကိုယ်တိုင်ကလဲ သွားစေချင်နေတာဆိုတော့ အံကိုက်ဖြစ်သွားတာပေါ့ .. ”
ESTÁS LEYENDO
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanficထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21