Part [62] အတိတ်နေ့ရက်များ _ ၂၀
“ ဖြောက် .. ဖျစ် .. ဖျစ် .. ”
“ ငြိမ်ငြိမ်နေစမ်း ... ”
ယုန်သားမီးကင်ကို ပါးစပ်မှာကိုက်ရင်း ထင်းမီးဖိုကို တုတ်တစ်ချောင်းနဲ့ဆွနေတဲ့သူ့ကို .. ကျန်းချန်က မျက်မှောက်ကုတ်ရင်း လှမ်းငေါက်သည် .. ၊၊
ညဟာ တိတ်ဆိတ်လို့ .. ၊၊
မီးဖိုထဲက ထင်းစတွေ လောင်ကျွမ်းနေတဲ့ တဖျစ်ဖျစ်အသံကလွဲရင် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်လို့ .. ၊၊သူ့ဘေးနားမှာတော့ လက်ကို ဒူးနှစ်ဖက်ပေါ် ဟန်ပါပါတင်ထားရင်း .. သက်ပြင်းတွေ ဆက်တိုက်ချနေတဲ့ ကျန်းချန်ဟာ လျော့ရဲရဲထိုင်လျက် ရှိတယ် .. ၊၊ ဖွားကတော့ ညဦးပိုင်းကတည်းက အိပ်ရာထဲဝင်သွားရဲ့ .. ၊၊
“ ကျန်းချန် .. ”
“ ... ”
“ ငါ့ကို စိတ်ဆိုးနေတာလား .. ”
“ ... ”
“ တောင်းပန်ပါတယ် .. ငါ တကယ်ကို နတ်သမီးလေးကို ခေါ်ခဲ့ဖို့ကြိုးစား .. အာ .. ”
“ အပိုတွေမပြောနဲ့ .. ”
ကျန်းချန်က တစ်ချက်မျှလှည့်ကြည့်ပြီး ပြန်လှည့်သွားတော့ သူ့နှုတ်ခမ်းတွေ တစ်တောင်လောက် စူထွက်လာတယ် .. ၊၊
နတ်သမီးလေးဆိုတာ ကျန်းချန်ရဲ့ သမီးလေး .. ၊၊
ဆိုရရင် .. ယွင်မုန့်မြို့ဈေးထဲက လေလွင့်ခွေးလေးတစ်ကောင်ပါပဲ .. ၊၊ အရင်တွေတုန်းက ယွင်မုန့်မြို့ဈေးထဲ သစ်သီးတွေ သွားသွားရောင်းရင်း ပါလာခဲ့တာ .. ၊၊ အဲ့ဒီ့ခွေးပေါက်စက ကျန်းချန်ကလွဲရသ် ဘယ်သူ့ကိုမှ အဖတ်လုပ်တာမဟုတ်ဘူး .. ၊၊ ကျန်းချန်နဲ့သူ စကားများတဲ့အချိန်တွေဆို သူ့ကို လိုက်ကိုက်တတ်သေးတာ .. ၊၊ အဲ့ဒါကြောင့်လဲ အခု ဒီကိုထွက်လာတော့ တမင်မခေါ်ဘဲ ထားခဲ့တာပေါ့ .. ၊၊“ ဝှါးး .. အိပ်ချင်လာပြီ ”
ယုန်ကင်ကုန်သွားသည်နှင့် အဆီတွေရွှဲနေတဲ့ လက်မနဲ့လက်ညှိုးကို တလှည့်စီ ပါးစပ်ထဲအရသာခံစုပ်ရင်း မီးပုံအနားကထသည် .. ။
ခြေလှမ်းသုံးလှမ်း မပြည့်သေးခင်ဘဲ ကျန်းချန်ရဲ့ အံကြိတ်သံသဲ့သဲ့က သူ့နားထဲ တည့်တည့်ရောက်လာရဲ့ ... ၊၊
DU LIEST GERADE
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21