Part [13] စတင်လာတဲ့ ကံကြမ္မာ [ Zawgyi + Unicode ]

2.4K 226 5
                                    

" မဖြစ်ဘူး .. သူ့ကိုကယ်ရမယ် .. ကျွန်တော် .. ကျွန်တော် သူ့ကိုကယ်ရမယ် .. လွှတ် .. အခုလွှတ် .. "

" ဝမ့်ကျီး .. စိတ်ကိုထိန်း .. "

အတင်းရုန်းဖယ်ပြီး ရှေ့တိုးဖို့ကြိုးစားပေမယ့် သူ့ခါးထက်က လက်တစ်စုံက သိပ်ကိုသန်မာလွန်းနေရဲ့

ကျောခိုင်းသွားတဲ့ အရိပ်မည်းလေးကို လိုက်ဖမ်းဆုပ်ဖို့ ကြိုးစားနေချိန်မှာပဲ .. သူ့ရှေ့မြင်ကွင်းက တဖြည်းဖြည်း ပြောင်းလဲလာသည် .. ၊၊

မြူခိုးတွေ .. အရိပ်မည်းတွေ ယှက်သန်းနေတဲ့ တောတွင်းတစ်နေရာအစား ..
ကတ္တရာလမ်းမထက်မှာ လဲကျနေတဲ့ လူငယ်တစ်ဦးက နေရာယူလာသည် .. ၊၊

လဲကျနေသူတဲ့သူက သူ့ရဲ့ လက်ကောက်ဝတ် တစ်ဖက်ကို လှမ်းဆုပ်ကိုင်ရင်း ..

" ကယ် .. ပါ .. မ ထား ခဲ့ .. ပါ .. နဲ့ .. "

" မင်း .. မင်း .. ဝေ့ရင်း .. "

                  .. F O R E V E R M O R E ..

" ဝေ့ရင်း .. ဝေ့ရင်း .. "

" Yibo .. သတိရလာပြီလား .. Yibo .. "

Hai Kuan .. Yibo ကို လှုပ်နှိုးရင်းဆိုတော့မှ တအင်းအင်း ညည်းညူရင်း ထလာတော့သည် .. ၊၊

" Kuan Ge .. ကျွန်တော် .. ကျွန်တော် .. သူ့ကို မကယ်နိုင်ခဲ့ပြန်ဘူး .. အရင်လိုမျိုးပဲ .. အရင်ကအတိုင်းပဲ .. မကယ်နိုင်ခဲ့ပြန်ဘူး .. "

" Yibo .. စိတ်ထိန်းစမ်း .. "

* ဝမ့်ကျီး .. စိတ်ကိုထိန်း .. *

Kuan Ge ကိုကြည့်ပြီး အိပ်မက်ထဲက ပုံရိပ်တချို့ ပြန်မြင်ယောင်လာမိသည် .. ၊၊

ပြီးနောက် စကားသံတချို့ .. ၊၊

ဖြူလွလွဝတ်ရုံရှည် ဆင်မြန်းထားတဲ့ တစ်ယောက်သောသူ ..
သူ့ခါးကို အတင်းဆွဲထားပြီး အရိပ်မည်းလေးကို သူကိုယ်တိုင်ရှာပေးမည့်အကြောင်း ကတိတွေ အထပ်ထပ် ပေးနေတဲ့သူ ..
ရင်းနီးနေပြီးသား ကျောပြင်ကျယ်ကျယ် ..

" Yibo သတိထားစမ်း .. စိတ်ကို စုစည်း .. "

* ဝမ့်ကျီး .. စိတ်ကိုထိန်း .. *

* ဝမ့်ကျီး .. အစ်ကိုတော့်ကို ယုံ .. အစ်ကိုတော် ဝေ့ရင်းကို လိုက်ခေါ်ပေးမယ် .. ဝမ့်ကျီးက ဒီမှာပဲနေခဲ့ *

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Where stories live. Discover now