Part [52] အတိတ်နေ့ရက်များ _ ၁၀
နှစ်နှစ်ဆိုတဲ့အချိန်ကာလတစ်ခုဟာ ခပ်မြန်မြန်ပဲ ကုန်ဆုံးသွားတယ် .. ၊၊
ပြောင်းလဲသွားတာတွေကတော့ အများကြီးပဲ .. ၊၊
ကူးစူးက အရင်ကထက် ပိုပြီးသာယာလာတယ် .. ၊၊
လန်ဂိုဏ်းရဲ့လက်အောက်မှာ ခိုဝင်နေတဲ့ နတ်ဆရာဖြူတွေရဲ့ ဘဝဟာ ပိုပြီးအေးချမ်းလာတယ် ..၊၊
လျန်ရဲ့ဟာလဲ အကုန်လုံးမျှော်မှန်းခဲ့တာထက်ပိုပြီး နတ်ဆရာဖြူမျိုးနွယ်စုကို ကောင်းကောင်းအုပ်ချုပ်နိုင်ခဲ့တယ် .. ၊၊အများကြီး .. အများကြီးပါပဲ .. ၊၊
အကုန်လုံးဟာ ကောင်းသောပြောင်းလဲခြင်းတွေနဲ့ .. ၊၊ပြောင်းလဲခြင်းမရှိတာကတော့ ကျန်းဝမ်ရင် .. ၊၊
သုံးနှစ်သားအရွယ် ကျန်းဝမ်ရင်လေး .. ငါးနှစ်သားအရွယ် ရောက်လာတာကလွဲရင် ဩချရလောက်အောင် ဘာမှပြောင်းလဲမသွား .. ၊၊
အခုလဲ ..
နှစ်နှစ်ပြည့်ပြီးကာစ ဝမ့်ကျီးငယ်လေးကို ချီပိုးရင်း .. တစ်ဆောင်တက် တစ်ဆောင်ဆင်း .. တဒုန်းဒုန်းနဲ့ ပြေးလွှား ဆော့ကစားနေပြန်သည် .. ၊၊ဝမ့်ကျီးငယ်ကို စမြှူရင်း အသံပြဲကြီးနဲ့ အော်ရယ်လိုက်ရင်း .. စာသင်ဆောင်တွေဘက်က ကြားရသည်အထိ အသံကလဲအောင်သေးသည် .. ၊၊
အစပထမတော့ ..
ကူးစူးလန်မှာ ခြေသံကျယ်ကျယ် မနင်းရဘူး .. ကူးစူးလန်မှာ စကားကျယ်ကျယ်ပြောခြင်းကို တားမြစ်ထားတယ် .. ဘာတားမြစ်ထားတယ်နဲ့ ဆိုဆုံးမပေမယ့် .. ခဏမကြာခင် ဒုံရင်းကဒုံရင်း ပြန်ဖြစ်သွားတာမို့ လန်အကြီးအကဲကိုယ်တိုင်လဲ လက်လျှော့ထားရတော့သည် .. ၊၊““ အား အား အား .. နာတယ် ဝမ့်ကျီး .. ဟီးဟီး .. ဟဲ့မြင်းလို့အော် .. ဟဲ့မြင်း ဟဲ့မြင်း .. အိုင်းယား .. ””
ဂုတ်ပေါ်က ဝမ့်ကျီးငယ်ခမျာ .. အကြောက်လွန်ပြီး သူ့ခေါင်းကဆံပင်ကို အတင်းဆွဲထားလို့ ဆွဲထားမှန်းမသိ အူမြူးနေတဲ့ ကျန်းချန်ကိုကြည့်ပြီး .. စိတ်မသက်မသာ သက်ပြင်းသာ ဖိချမိရဲ့ .. ၊၊
“ အားချန် .. ”
“ ဟီး .. လျန်ရဲ့ .. ”
သူ့ရှေ့ စွေ့ခနဲရောက်လာတဲ့ ကျန်းချန်ငယ်ဟာ ဆံပင်တွေရှုပ်ဖွာပြီး တစ်ကိုယ်လုံးလဲ ချာတူးလန်အောင် ညစ်ပတ်ပေရေလို့ .. ၊၊
ČTEŠ
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfikceထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21