Part [63] အတိတ်နေ့ရက်များ _ ၂၁
“ မကောင်းတော့ဘူး .. မကောင်းတော့ဘူး .. ”
လက်နှစ်ဖက်ကို မြှောက်ရမ်းခါရင်း အဆောင်တွေကြား လှည့်ပတ်ပြေးနေတဲ့ ကောင်လေးငယ်ကြောင့် .. ဝေ့ဝူရှန့် အိပ်ချင်မူးတူး လန့်နိုးလာရသည် .. ။
လက်တစ်ဖက်က မျက်နှာကိုပွတ်ရင်း .. ကျန်လက်တစ်ဖက်က ရှုပ်ပွနေတဲ့ခေါင်းကိုကုတ်လို့ အိပ်ခန်းဆောင်ထဲက ထွက်လာတော့ .. သူ့အဆောင်ရှေ့မှာ နတ်ဆရာဖြူတွေ ဟိုပြေးဒီလွှားနဲ့ ရှုပ်ယှက်ခတ်လို့ .. ။
“ ... ဝှါး ”
ပျင်းရိလေးဖင့်စွာ တစ်ချက်သမ်းရင်း ပြေးလွှားနေတဲ့ နတ်ဆရာဖြူတွေထဲက လက်လှမ်းမှီရာတစ်ယောက်ကို လှမ်းပြီး ဖမ်းဆွဲလိုက်တော့ .. တိုက်တိုက်ဆိုင်ဆိုင်ပဲ အဆောင်တွေကြား လှည့်ပြေးနေတဲ့ ကောင်လေးငယ်က လက်ထဲပါလာသည် .. ။
“ အား .. လွှတ် လွှတ် .. ”
“ တိတ်စမ်း .. ”
“ အား .. ဘယ်သူကြီးလဲမသိဘူး .. ဖမ်းဆွဲခံနေရပြီ .. လွှတ်.. လွှတ် .. ဝိမ်းချင် .. ဝိမ်းချင် .. ငါ့ကိုကယ်ဦး .. အား .. အ .. ”
“ ... ”
“ အား .. ဝိမ်းချင် .. ဝိမ်းချင် .. မမ .. နင်လဲမကယ်နိုင်တော့ဘူးလား ငါနှိပ်စက်ခံနေရပြီ .. ”
အော်နိုင်လွန်းသူကို မြေပြင်ပေါ်လွှတ်ချလိုက်တော့ မြေကြီးထဲလူးလှိမ့်ရင်း ဆက်အော်သည် .. ။
သေချာပေါက် လူရွေးမှားတာပဲပေါ့ .. ။
ဘာအကြောင်းထူးလို့ အကုန်လုံးဟိုသွားဒီသွား လုပ်နေကြလဲ မေးဖို့စိတ်ကူးကို အကောင်အထည် မဖော်ရသေးခင် .. အရင်ဆုံး သူ့နားစည်တွေ ကွဲထွက်တော့မည် .. ။“ ဝှါး .. နေတော့နေတော့ .. ”
ကောင်လေးပုစိကို ပစ်ထားခဲ့ပြီး အကြောင်းစုံသိရဖို့ နောက်ထပ်ပစ်မှတ်တစ်ခု ရှာရသည် .. ။
တွေ့ပါပြီ .. ကြွေအုပ်ကလေးကိုင်ပြီး ဖွဖွလေးလှမ်းလျှောက်လာနေတဲ့ အစ်မချောလေး .. ။
သူ .. နှာခေါင်းထိပ်ကို လက်ညှိုးလေးနဲ့ အသာကုတ်ရင်း ရှေ့တိုးသွားတော့ အစ်မချောလေးက ပြုံးပြသည် ။
YOU ARE READING
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21