Part [22] ရှုပ်ထွေးစေသူ ၂ [ Zawgyi + Unicode ]

2K 205 2
                                    


" ဆိုတော့ သွားမောကြီးပေါ့ .. "

" . . . "

ကြက်သွန်မြိတ်နဲ့ ဂျင်းအနည်းငယ်ကို နုပ်နုပ်စင်းရင်း လှမ်းပြောတဲ့ .. မီးဖိုခန်းထဲက ယုန်ပေါက်ရဲ့အပြောကို စကားမပြန်ဖြစ် .. ၊၊

မီးဖိုခန်းပေါက်ဝမှာ ခုံယူထိုင်ပြီး ..
တကယ်ဆို မပြောဘဲနေလိုက်သင့်တာလို့သာ တွေးနေမိသည် .. ၊၊
အရင် Wang Yibo က အခုလို မဟုတ်ပါဘူး .. ၊၊ ဘယ့်နှယ့် တွေ့ကြုံခဲ့သမျှအလုံးစုံကို မနေ့တနေ့ကမှ တွေ့တဲ့သူစိမ်းဆီ ပြန်ပြီး ဖောက်သည်ချနေမိတယ်လို့ .. ၊၊

" ဘာလဲ .. ပြောပြီးမှ မပြောဘဲနေလိုက်ရမှာလို့ တွေးနေတာမလား .. "

" မတွေးပါဘူး .. "

" ညာနေတာ ညာနေတာ .. "

ပြောရင်း ရေနွေးအိုးတည်ဖို့ ပြင်နေပြန်ရဲ့ .. ၊၊

" တကယ်ရော လုပ်တက်လို့လား .. "

" ထင်တာပဲ .. သိပ်တော့ မခက်ခဲပါဘူး .. ဒါထက် စကားလမ်းကြောင်းလွှဲဖို့ဆိုရင်တော့ ဆောရီးပဲ .. "

" ဟား .. ခင်ဗျားက ယုန်ဂျလည်ကြီးပဲ .. "

" အို့ .. ချီးကျူးမှုအတွက် ကျေးဇူးအနန္တပါ .. "

သူ့ကိုလှည့်မကြည့်ဘဲ ဝက်သားတွေ နုပ်နုပ်စင်းနေပြန်တဲ့ အနှီယုန်ဂျလည်ကြီးရဲ့ ကျောပြင်ပြန့်ပြန့်ကို အမှတ်မဲ့ ငေးကြည့်မိရင်း ..

" ခင်ဗျားက နှုတ်တော့လုံမယ်ထင်တာပဲလေ .. အဲ့ဒါကြောင့်လဲ ပြောမိတာဖြစ်မယ် .. "

" ဒါဆိုရင်တော့ လူရွေးမှန်သွားပြီ .. ပြောရရင် Yibo က ပူနေလို့သာပါ .. ဘာမှဟုတ်တာလဲ မဟုတ်ဘဲနဲ့ .. "

" ဆိုပေမယ့် .. အနုပညာလောကမှာက ဘာမဟုတ်တဲ့ သတင်းလေးတစ်ခုနဲ့လဲ ဟိုးအောက်ဆုံးထိ ဆွဲချသွားနိုင်တာကိုး .. . "

" အော .. ငါတော့ နားမလည်ဘူး .. အနုပညာအသိုင်းအဝိုင်းနဲ့ ဝေးလွန်းလို့လဲဖြစ်မယ် ..
ဒါမဲ့ သိပ်လဲမပူပါနဲ့ .. ငါ့အထင် အဲ့ဒီ့ Yu Bin ဆိုတဲ့သူ အခုထိ ဘယ်မှ ဝေးဝေးလံလံ မသွားရလောက်သေးဘူး .. သူ့မန်နေဂျာနဲ့ ဇာတ်တိုက်ထားပြီး နောက်နေ့မှ အေးဆေးထွက်လိမ့်မယ် .. ထင် တာ ပဲ .. . "

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」حيث تعيش القصص. اكتشف الآن