Part [69] အတိတ်နေ့ရက်များ _ ၂၇ [ Zawgyi + Unicode ]

907 99 17
                                    

Part [69]  အတိတ်နေ့ရက်များ _ ၂၇


“ ဒေါက် .. တောက် တောက် ..  ”

“ ကတောက် .. တောက် .. တောက် .. ”

အဆောင်ခေါင်မိုးပေါ် ခဲလုံးသေးသေးလေးတွေနဲ့ ပစ်ပေါက်သံဟာ အဆက်မပြတ် ကျရောက်လာလို့ .. ၊၊

အစကတည်းက အိပ်မပျော်လို့ အိပ်ရာထဲ ဟိုလူးဒီလှိမ့်လုပ်နေတဲ့ ဝေ့ဝူရှန့်ဟာ ချက်​ချင်းဆိုသလို အဆောင်အပြင်ဘက်ဆီ ပြေးထွက်တယ် .. ၊၊

ပျော်ရွှင်ရယ်မြူးရိပ်တွေဟာ သူ့မျက်နှာထက် သိသိသာသာ စွန်းထင်းလို့ .. ၊၊

“ .. ကျန်းချန် .. ဘာလို့ အခုမှပေါ်လာတာလဲ .. ငါတကယ် အိပ်မရဖြစ် .. နေ .. တာ .. ”

စကားဆုံးအောင်သာ ပြောလိုက်ရပေမယ့် အမှောင်ထဲမှာ ရပ်နေသူဟာ ကျန်းချန်မဟုတ်မှန်း သတိထားမိရဲ့ ..  ၊၊

ကျန်းချန်ဟာ ညနေကပဲ လန်ရှီးချန်တို့နဲ့အတူ ကူးစူးအနားနီးစပ်က ရွာငယ်လေးတွေဆီ ခရီးထွက်သွားခဲ့သည်ပဲ .. ၊၊

ကျန်းချန် လိုက်ပါရတဲ့ အကြောင်းအရင်းက ရှေ့ဖြစ်တွေ ကြိုဟောပြောလို့ .. သီးနှံအထွက်တိုးအောင်လဲ ဆုတောင်းပေးဖို့ .. ဖြစ်ပြီး .. လန်ရှီးချန်တို့ရဲ့ ရည်ရွယ်ရင်းကတော့ ရွာပြင်ဘက်က ချောင်းထဲမှာ ခိုအောင်းနေတဲ့ မှော်သတ္တဝါကို အကဲခတ်နှိမ်နင်းဖို့တဲ့ ..  ၊၊ ဝိမ်းသမားတော် ပြောလို့သာ သိရတာပါ ..  ၊၊ ကျန်းချန်ကတော့ သူ့ကို .. လုံးဝကြီးကို လျစ်​လျူရှုလို့ ဘာတစ်ခွန်းတစ်ပါဒလေးမှတောင် ပြောမသွားခဲ့ဘူး .. ၊၊

တဖြည်းဖြည်းသိလာရတာက ဝမ်းကွဲအစ်ကိုအတွက် သူက ​လေဟာနယ်​ကြီး ..  ၊၊
သောက်ရေးစိုက်စရာမရှိတဲ့ ​လေဟာနယ်​ အကြီးကြီး .. ၊၊

“ .. ဝေ့ရင်း ”

ကျန်းချန်ကို အငေါ်တူးတဲ့အတွေးဟာ ဒီခေါ်သံ တိုးလျလျလေးမှာပဲ အဆုံးသတ်တယ် .. ၊၊

မှောင်ရိပ်ထဲက တိုးထွက်လာတဲ့ ပိန်ပါးပါးသဏ္ဍာန်လေးဟာ ပိုထင်ရှားလာတော့ မျက်မှောင်ကျုံ့ရင်း တအံတဩဆိုမိရဲ့ ..  ၊၊

“ လန်ကျန့် .. ”

“ အင်း .. ငါ လာလို့ရမလား .. ”

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Donde viven las historias. Descúbrelo ahora