Zawgyi
“ .. ငါသိပြီ ”
တိုပြတ်ပြတ်အဖြေစကားက သိသိသာသာ တိုးလျတယ် .. ။ ဖုန်းချလိုက်ပြီးတဲ့နောက် နှုတ်ခမ်းထောင့်စွန်းတွေဟာလဲ မဲ့ကျတယ် .. ။
မှန်လုံခန်းထဲကတဆင့်မြင်နေရတဲ့ ချုံချင့်မြို့ရဲ့ညရှုခင်းက သိပ်လဲ ကြီးကျယ်ခမ်းနားတာပဲ .. ။
မြို့ပြရဲ့နီယွန်မီးတွေရယ် .. လမ်းမကျယ်ကျယ်ထက်က အရောင်အသွေးစုံကားတွေရယ် .. နေ့ဘက်အလား ပြားပန်းခတ် သွားလာလှုပ်ရှားနေကြသူတွေရယ် .. ။ လက်ရှိသူရှိနေတဲ့ အထပ်မြင့်မိုးမျှော်ဟိုတယ်ခန်းကနေ ငုံ့မိုးကြည့်လိုက်တော့ .. အကုန်လုံးက သေးငယ်မှုန်ပျလို့ .. ။
အမှတ်မဲ့စွာပဲ သက်ပြင်းရှိုက်လိုက်မိတယ် .. ။
သူ့ရဲ့လူနေမှုဘဝ မြင့်မားလာတာနဲ့အမျှ .. အကုန်လုံးဟာလဲ ဟိုးအဝေးကြီးမှာ သေးသိမ်ကျန်ရစ်ခဲ့သလိုပဲ .. ။ တဖြည်းဖြည်း မှုန်ဝါးလာရင်း .. အဆုံးသတ်မှာတော့ လုံးဝပျောက်ကွယ်သွားလိမ့်မယ်ပေါ့ .. ။နယ်ပယ်အစုံမှာ အကြီးအကဲနေရာရတော့ရော .. ဘာများထူးသွားသေးလဲ .. ။ မျက်နှာဖုံးပေါင်းများစွာနဲ့ လူပြိန်းတွေကြားထဲ သူတစ်ယောက်တည်းကပဲ စစ်မှန်နေတော့ရော .. ဘာများထူးသေးလို့လဲ .. ။ ရှင်သန်ချိန်တလျှောက်လုံး .. အမြဲတမ်း စည်းတစ်ခုခြားပြီး အားလုံးရဲ့အဝေးမှာ နေခဲ့တယ် .. ။ အဆုံးသတ်မှာ တိတ်တိတ်လေးပျောက်ကွယ်မသွားချင်တာကလွဲရင် .. တောင့်တမိတဲ့ဆန္ဒဆိုလို့ တစ်ခုတစ်လေလေးတောင် ရှိမနေခဲ့ .. ။
ပျက်ယွင်းနေတဲ့မျက်နှာထားကို ကြိုးစားတည်တင်းလိုက်တယ် .. ။ ဒီနေ့မှာ သူမဖြစ်မနေတွေ့ရမယ့် ဧည့်သည်တစ်ယောက် ရှိနေခဲ့ပါတယ် .. ။
__________________________________
DU LIEST GERADE
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21