Part [103] မညာပါနဲ့​တော့ ချစ်​​သော Bunny 「 မညာပါနဲ့တော့ ချစ်သော Bunny 」

631 82 33
                                    


Zawgyi























“ ရိ​ပေါ် .. ”

“ စကား​ပြောချင်​တယ်​ .. ”

“ အမ်​ .. ”




ညနက်​သန်း​ခေါင်​ သူ့အိမ်​​ရောက်​လာတဲ့ရိ​ပေါ်က မျက်​ဝန်း​တွေ နီရဲမို့အစ်​လို့ .. ။

ဘယ်ေ​လာက်​ငိုခဲ့မှန်း မသိနိုင်​တဲ့တိုင်​ အသည်းအသန်​ငိုထား​ကြောင်းကို​တော့ ခန့်​မှန်းနိုင်​ရဲ့ .. ။ ဖြူ​ဖျော့​တော့တဲ့ ပါးပြင်​​ထက်​မှာ မျက်​ရည်​စ​တွေဆိုတာ ​ကောင်း​ကောင်း​တောင်​ မ​ခြောက်​ရှာ​သေးဘူး .. ။

အ​တွေးများ​နေတဲ့သူ့ကိုတွန်းဖယ်​လို့ ရိ​ပေါ်က အိမ်​ထဲဆီ စွတ်​တိုးဝင်​တယ်​ .. ။ သူ့မှာသာ ကျီးကန်း​တောင်း​မှောက်​နဲ့ ဝန်းကျင်ကို အကဲခတ်​ရတယ်​ .. ။ အကယ်၍များ ​ပါပါရာဇီ​တွေသာ ပါလာခဲ့ရင် .. ​ညသန်း​ခေါင်​အချိန်​ လုဟိုက်​ခွမ်းအိမ်​ထဲဝင်​သွားတဲ့ ဝမ်​ရိ​ပေါ် ဆိုပြီး ​နောက်​​နေ့ရဲ့လူမှုကွန်​ရက်​​ပေါ် ထိပ်​ဆုံးက ​နေရာယူသွားနိုင်​တာမို့ .. ။




“ ယွီပင်း​ကော ရှိတယ်​မဟုတ်​လား .. ”

“ . . . ”

“ ယွီပင်း .. ​ကော .. ”




တစ်​ခန်းဝင်​တစ်​ခန်းထွက်​နဲ့ ယွီပင်းကို ရှာပုံ​တော်​ဖွင့်​​နေတဲ့ရိ​ပေါ်က မျက်​ရည်​​တွေ စီးကျလာပြန်​တယ်​ .. ။ OCD ရှိ​နေသလား ထင်​မှတ်​မှားရ​လောက်ေ​အာင် ​အသန့်​ကြိုက်​တဲ့​ကောင်​​လေးက .. အခုချိန်​မှာ​တော့ မျက်​ရည်​​တွေကို ပြီးစလွယ်​ အင်္ကျီပုခုံးနဲ့ လှည့်​သုတ်​​နေရဲ့ .. ။




“ ​ရေချိုး​နေတယ်​ ..
ဒါထက် ​ရိ​ပေါ်က ဒီကို ဘာကိစ္စရှိလို့လဲ ..  ”

“ ကျွန်​​တော်​ .. သူနဲ့​တွေ့ရမှဖြစ်​မှာ .. ”

“ အရင်​ဆုံး ​ထိုင်​​စောင့်​ကြရ​အောင်​လား ..
ဒီ​လောက်​​အေး​နေတာ အ​နွေးထည်​လဲ မပါဘူး .. ​ခဏ​လေး .. ​ကော အခန်း​​အပူချိန်​သွားမြှင့်​​ပေးမယ်​  ..  ”

“ မလိုဘူး .. ယွီ​ပင်း​ကောနဲ့ပဲ စကား​ပြောချင်​တယ်​ .. ”

“ အင်း .. ​ကောနားလည်​ပြီ ..
ဒါဆိုလဲ ​ကော်​ဖီပူပူ​လေး​တော့ ​သောက်​ရင်း​စောင့်​ကြတာ​ပေါ့ .. ”

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Kde žijí příběhy. Začni objevovat