Part [120] အိမ်​ပြန်​ချိန်​ .. (finale)「 အိမ်ပြန်ချိန် .. (finale) 」

2.2K 105 0
                                    

Zawgyi


“ မလှုပ်​နဲ့ဦး .. ​​ဆေးဆရာကြီး​က ​သေချာမှာသွားတယ်​ ..
ကောကို လုံးဝလှုပ်​လှုပ်​ရှားရှားမလုပ်​​စေနဲ့တဲ့ .. ”


အိပ်​မက်​ရှည်​ကြီးက နိုးထလာသလို လူက နွမ်းလျလျနဲ့ .. ။ ခန္ဓာကိုယ်​ တစ်​ခုလုံးလဲ ဘယ်​အစိတ်​အပိုင်း​လေးတစ်​ခုကမှ မလှုပ်​နိုင်​​လောက်​​အောင်​ ​ညောင်းညာကိုက်​ခဲလို့ .. ။

ဇက်​ကြီးနာ​နေလို့ တစ်​ဖက်​​စောင်းကြည့်​လိုက်​​တော့ ရင်းနီးကျွမ်းဝင်​တဲ့ အသံတိုးတိုး​လေးကို ကြားရတယ်​ .. ။ မျက်​ဝန်းအစုံ ချက်​ချင်းကို ပြူးကျယ်​သွားရ​သောပါပဲ .. ။


“ ဖန်​ရှင်း .. ငါ .. ​တကယ် ​မ​သေ​သေးဘူးလား .. ”

“ ဟမ်​ .. ​ကောက ဘာလို့​သေရမှာလဲဗျ ..
ဒီအတိုင်း အရိုးအဆစ်​​တွေ ​ယောင်​ယမ်းရုံပါပဲ .. ”

“ မဟုတ်​​လောက်​ဘူး .. ငါ​သိတယ်​ ..
ငါ​သေ​ရ​တော့မှာမို့ အကုန်​လုံးက ညာ​ပြော​နေကြတာ .. ငါ့ရဲ့ ​နောက်​ဆုံးအချိန်​​လေးမှာ စိတ်​ချမ်းသာ​စေချင်​လို့ .. ”

“ ကျွန်​​တော်​ .. ဟိုက်​ခွမ်း​ကောတို့ကို ​ခေါ်​ပေးရမလား .. ”


သူ့ကို အူလည်​လည်​ကြည့်​​နေရင်း ဟိုက်​ခွမ်းတို့ကိုသွား​​ခေါ်ဖို့ ထ​ရပ်ေ​နတာမို့ .. ခါးသိမ်​သိမ်​က​နေဆွဲ​ပွေ့ပြီး အမြန်​တားလိုက်​ရတယ်​ .. ။


“ မလိုဘူး .. မ​ခေါ်နဲ့ ..
သူတို့​ရှေ့မှာ မ​သေချင်​ဘူး .. ”

“ ​ကော .. တစ်​ခုခု​တော့ အထင်​လွဲပြီထင်​တယ်​ .. ”

“ ငါ .. ငါက မင်းလက်​ထဲမှာပဲ ​နောက်​ဆုံးထွက်​သက်​ကို ကုန်​ဆုံး .. . ချင်​ .. . . ”

“ ကျန့်​ဖန်​ရှင်း !! မင်း ငါတည်​ထားတဲ့​ရေ​နွေး​တွေ သုံးလိုက်​ပြန်​ပြီလား .. ”

ဒရာမာ​လေးတစ်​ဖြတ်​​တောင်​ မခင်းရ​သေးခင်​ .. ​အော်​သံကျယ်​ကြီး​ကြောင့်​ လန့်​ဖျန့်​ပြီး သူ့လက်​သူ အမြန်​ရုတ်​လိုက်​ရတယ်​ .. ။ တဆက်​တည်းမှာပဲ တဒုန်းဒုန်း​ခြေသံနဲ့အတူ အ​ဆောင်​ငယ်​ထဲ လှမ်းဝင်​လာတဲ့ ​ကောင်​​လေးငယ်​ကို​ ​တွေ့ရပါတယ်​ .. ။

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Where stories live. Discover now