Part [57] အတိတ်နေ့ရက်များ _ ၁၅
ခုနှစ်နှစ်ဆိုတဲ့အချိန်ကာလဟာ ခပ်မြန်မြန်ပဲ ကုန်လွန်သွားတော့ .. လန်ရှီးချန်ပုစိဟာ အအေးဂူက ထွက်လာချိန်တန်ခဲ့တယ် .. ၊၊
ဝမ့်ကျီးငယ်လေးရဲ့ ခုနှစ်နှစ်ပြည့် မွေးနေ့မင်္ဂလာအပြီး နောက်တစ်နေ့မနက်ခင်းပေါ့ .. ၊၊
ဆိုရရင် အားချန်ငယ်ကို အနောက်ဘက်တောအုပ်ဆီ ပြန်ပို့အပြီး ငါးနှစ်မြောက်တဲ့အချိန်ကာလပေါ့ .. ၊၊ပြစ်ဒဏ်ကာလစေ့လို့ အအေးဂူကထွက်လာတဲ့ လန်ရှီးချန်ဟာ အရင်ကထက်ပိုပြီး ပိန်ပါးဖျော့တော့လာတဲ့တိုင် နှုတ်ခမ်းအစုံဟာ တင်းတင်းစေ့လို့ ..
ဖြောင့်တန်းမည်းနက်တဲ့ မျက်ခုံးနှစ်သွယ်အောက်က မျက်ဝန်းအစုံဟာ ပိုပြီးတောက်ပလာလို့ ..
တိကျသေသပ်တဲ့မေးရိုးထင်းထင်းနဲ့ မျက်နှာကျဟာ အရွယ်ရောက်ပြီးတဲ့ အသွင်သဏ္ဍာန်ကို ဆောင်ရဲ့ .. ၊၊သိသိသာသာမြင့်မားလာတဲ့ အရပ်အမောင်းနဲ့ လန်ရှီးချန်ဟာ .. အအေးဂူက ထွက်ထွက်ချင်း ဝမ့်ကျီးငယ်ရဲ့အဆောင်ဆီ ပထမဆုံး ဦးတည်လျှောက်လှမ်းတယ် .. ၊၊
ပါးလျလျ ခန္ဓာကိုယ်အချိုးအစားနဲ့ နှုတ်ခမ်းပါးတွေ ဖြူဖျော့နေတဲ့ ဖယောင်းဖြူလေး ဝမ့်ကျီးငယ်ကတော့ .. အစ်ကိုတော်ရဲ့ရင်ခွင်ထဲမှာ မပြုံးမရယ် မျက်နှာထားနဲ့ .. ၊၊
ချစ်ရတဲ့ညီငယ်ကို ရင်ခွင်ထဲထွေးပိုက်ရင်း ပြန်လည်ပွေ့ဖက်လာခြင်းမရှိတဲ့ လက်အစုံကိုလဲ ဂရုစိုက်မနေခဲ့ပါဘူး .. ၊၊
ထူးထွေဝမ်းသာပြုံးပြနေတာမျိုး မရှိလဲ ကိစ္စမရှိဘူး .. ၊၊သေးသေးသွယ်သွယ် မျက်နှာလေးကို လက်ဖဝါးနှစ်ဖက်ထဲ ထည့်ထားရင်း .. အချိန်အတော်ကြာ ငေးကြည့်နေမိရဲ့ .. ၊၊
ကျန်ရှိနေတဲ့ ဝစီပိတ်သုံးနှစ်တာကာလကြောင့်သာ မဟုတ်ရင်ပေါ့ .. ၊၊
တဆက်ဆက်တုန်ယင်နေတဲ့ နှုတ်ခမ်းပါးတွေက .. ဝမ့်ကျီးငယ်ကို ဘယ်လောက်ထိ လွမ်းဆွတ်သတိရနေကြောင်း .. တစ်ထိုင်တည်းနဲ့ ကရားရေလွှတ် တတွတ်တွတ်ပြောပြမိမှာ အမှန်ပဲ .. ၊၊
" ရှီးချန်သခင်လေး .. လန်အကြီးအကဲက အခေါ်ရှိပါတယ် .. "
စာသင်သားငယ်ရဲ့ စကားသံအဆုံးမှာ လျဲ့ပင်းကို ခပ်တင်းတင်းဆုပ်ကိုင်လို့ ချာခနဲလှည့်ထွက်တယ် .. ၊၊
YOU ARE READING
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21