Part [12] တွေ့ဆုံခြင်း ၂ [ Zawgyi + Unicode ]

2.5K 258 0
                                    

" အတော်လေး ပျော်နေရော့ထင် .. "

" ..... "

ရင်းနီးပြီးသား လေသံတိုးတိုးကြောင့် မှေးမှိတ်ထားတဲ့ မျက်ဝန်းအစုံကို ဖွင့်ကြည့်လိုက်တော့ ရေချိုးခန်းထဲ အလင်းရောင် မှိန်ဖျော့ဖျော့သာရှိသည် ၊၊ စိတ်ကြည်အောင်ဆိုပြီး မန်နေဂျာစီစဉ်ပေးထားတဲ့ bathtub ပေါ်က ဖယောင်းတိုင်ပုလေးတွေ ဘယ်အချိန်ကတည်းက မီးငြိမ်းနေသည်မသိ .. ၊၊

bathtub ထဲက မထပဲ .. ရေချိုးခန်းနေရာအနှံ့ မျက်လုံးဝေ့ကြည့်လိုက်သည် .. ၊၊ ဘာမှမတွေ့ရ .. ၊၊

ခြောက်အိပ်မက်တွေကြောင့် စိတ်တွေ ဂယောက်ဂယက် ဖြစ်တာပဲနေမှာပါလေ ဆိုတဲ့အတွေးနဲ့ မျက်ဝန်းအစုံကို ပြန်မှိတ်လိုက်သည် .. ၊၊

" လန်ရှီးချန် .. မင်း .. ဘယ်အချိန်ထိများ လန်ဝမ့်ကျီးကို ကာကွယ်ပေးနိုင်မယ် ထင်နေသလဲ .. "

ပီပီသသကြီး ကြားလိုက်ရတာမို့ ယောင်ယမ်းပြီး bathtub ထဲက ထထိုင်လိုက်မိသည် .. ၊၊

" .. ဘယ်သူလဲ .. "

" မင်းညီငယ် အချစ်တော်လေးရဲ့ ရေစက်ဆိုးလေ .. မမှတ်မိတော့ဘူးလား .. ဟားဟား .. ဟား .. "

" မင်း .. မင်း .. "

" ..... "

ချက်ချင်းငြိမ်ကျသွားပြီး တဖြည်းဖြည်းစိမ့်အေးလာတဲ့ ပတ်ဝန်းကျင်လေထုက တစ်ခုခု မူမမှန်သလို ခံစားချက်မျိုးကို ပေးစွမ်းသည် .. ၊၊

ပြီးတော့ စိမ်းရွှေရွှေ ညှီစို့စို့ အနံ့အသက်တစ်မျိုး .. ၊၊

မင်သက်နေချိန်မှာပဲ ဆိုင်းသံဗုံသံတွေ တစ်ချက်ချင်း တစ်ချက်ချင်းစီ .. ဖြည်းဖြည်းမှန်မှန် ကြားလာရပြန်သည်၊၊
နောက် .. ဆူဆူညံညံ စီးမကျဝါးမကျ ဆိုင်းသံဗုံသံတွေအဖြစ် ဆူညံပွက်လောရိုက်လာသည် ၊၊
လူသံတွေ .. စည်ကားတဲ့ ပွဲတော်တစ်ခုဆီ .. ဦးတည်သွားနေသလိုမျိုး ကျွတ်ကျွတ်ညံနေတဲ့ လူသံတွေ .. ၊၊

ပုံမှန်မဟုတ်တဲ့အခြေအနေကြောင့် နားနှစ်ဖက်ကို လက်နဲ့အုပ်ထားရင်းက ကြိုးစားထလိုက်သည် .. ၊၊

" ဝေ့ဝူရှန့် သယ်ဆောင်လာတဲ့ ကြမ္မာဆိုးက ဒီဘဝတင် မဟုတ်ဘူး .. နောက်ဘဝ အဆက်ဆက်ထိ လိုက်ပါနေဦးမှာ .. ဝေ့ဝူရှန့်နဲ့လန်ဝမ့်ကျီး .. သူတို့နှစ်ယောက် အတူဆုံပြီးတာနဲ့ ဆိုးရွားလှတဲ့ ကံကြမ္မာက အသက်ဝင်လာတော့မှာ .. ရေစက်ဆိုးတွေ ပြန်နိုးထလာတော့မှာ .. မင်း တားထားလို့ မရဘူး .. ဘယ်သူမှ တားဆီးလို့မရဘူး .. "

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Tempat cerita menjadi hidup. Temukan sekarang