497 58 0
Zawgyi
ရီလင်းမြို့​ဟောင်းဆီမ​ရောက်​ခင်​ ခရီးတ​ထောက်​နားဖြစ်​တဲ့ ​တောရွာက​လေးပါပဲ .. ။
စိမ်းစို​နေတဲ့ ဝါးရုံ​တော​တွေ .. ။
ဝါးရွက်​ချွန်​ချွန်​​တွေကြား တိုး​ဝှေ့လာတဲ့ ​လေတိုးသံ​တွေ .. ။
နီယွန်​မီး​ရောင်​​ကင်းလွတ်​တဲ့ ကြယ်​​​ရောင်ပျပျ​တွေ .. ။
ညရဲ့သဘာဝကို ပီပီပြင်​ပြင်​ခံစားနိုင်​ဖို့ အသင့်​​တော်​ဆုံး ​နေရာ​ဒေသ​လေး .. ။
ဖုန်းလိုင်းမမိ​ကြောင်းသိတဲ့သူက ဖုန်းကို​တော့ တခုတ်​တရယူလာခဲ့​သေးတယ်​ .. ။ ခံစားချက်​မဲ့တဲ့မျက်​ဝန်း​တွေနဲ့ ဖုန်းဖွင့်​လိုက်​​တော့ .. မှုန်​ကုပ်​ကုပ်​မျက်​နှာ​ပေးနဲ့ က​လေးငယ်​​လေးက  ​ဖုန်းစခရင်​မ်​ထက်​မှာ ​နေရာယူပါတယ်​ .. ။
“ ရှင်သန်ချိန်​​​တ​လျောက်​လုံး ငါ့မှာလဲ ​နောင်​တ​တွေအပြည့်နဲ့ ​.. ”
တစ်ေ​​ယာက်တည်း​​တိုင်​တည်​သလိုဆို​တော့ .. ​ဖုန်းစခရင်​မ်​ထက်​မှာရှိ​နေတဲ့ မှုန်​ကုပ်​ကုပ်​က​လေးငယ်​ရဲ့ မျက်​ဝန်း​တွေက သူ့ကို ​ပေ​စောင်း​စောင်းပြန်ြ​ကည့်​​နေသလိုပါပဲ .. ။
အင်း .. သူ့စိတ်​အထင်​လဲဖြစ်​မယ်​​ပေါ့ .. ။
“ ဧည့်​သည်​ဗျ .. ညစာရပြီ .. ”
“ . . . ”
ခြေသံစကြားချိန်​ကတည်းက ဖုန်း​လေးကို ​ကျောပိုးအိတ်​ထဲထိုးထည့်​ပြီးသွားတဲ့သူက .. တံခါး​ခေါက်​သံအဆုံးမှာ လာပို့ေ​ပးတဲ့ထမင်းစားပွဲငယ်​ကို ဆွဲယူပြီးသားဖြစ်​တယ်​ .. ။ အကျင့်​ပါ​နေတဲ့အ​လျောက်​ ဘာ​ကျေးဇူးတင်စ​ကားမှ မဆိုဖြစ်​ဘဲ .. တံခါးကို ​ခြေ​ထောက်​နဲ့ဆွဲပိတ်​ပြီး အခန်းတွင်းဆီ ပြန်​ဝင်​ခဲ့ပါတယ်​ .. ။
“ ​ပေါ်ဝမ်​ .. မြန်​လှချည်​လား .. ”
“ အမ်း .. စိတ်​မပူပါနဲ့ ..
သူ စား​လောက်​မှာပါ ..  ”
“ တကယ်​ပဲ ​ငါ့လက်​ရာက .. တိုးရစ်​တစ်​​ယောက်​အတွက်​ အဆင်​​ပြေ​လောက်​လား .. မင်း ​အမှန်​အတိုင်း​ဖြေ .. ”
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Where stories live. Discover now