Part [47] အတိတ်နေ့ရက်များ _ ၅
“ ဒီနိမ့်ကျလှတဲ့အဖိုးအိုက အကောင်းဆုံးနည်းလမ်းကို ရှာဖွေပေးမှာမို့ .. လန်အကြီးအကဲ စိတ်အေးအေးနဲ့သာ သခင်လေးနောက် လိုက်သွားပါ ... ”
နတ်ဆရာအဖိုးအိုရဲ့ စကားက .. တင်းမာနေဆဲ လန်ချီးရန်လူကြီးမင်းရဲ့ မျက်နှာကို ပျော့ပြောင်းလာဖို့ မစွမ်းဆောင်နိုင်ခဲ့ ... ၊၊
“ နောက်မှ ထပ်ဆုံပြီး သေချာဆွေးနွေးကြည့်ကြတာပေါ့ .. ခုညတော့ ဒီလောက်နဲ့ပဲ .. ”
မတင်မကျသောစကားကိုဆိုပြီး လန်ရှီးချန်ပေါက်စလေးနောက် လိုက်သွားပြီဖြစ်တဲ့ .. အကြီးအကဲရဲ့ ကျောပြင်ပြန့်ပြန့်ကိုသာ သက်ပြင်းရှည်ကြီးချပြီး ကြည့်နေလိုက်ရတော့သည် ၊၊
“ အရှင် .. ကျွန်တော်တို့လဲ အဆောင်ပြန်ကြတော့မလား .. ”
နတ်ဆရာငယ်လေးရဲ့စကားကို ခေါင်းအသာယမ်းရင်း ...
အနားတစ်ဝိုက်မှာရှိနေတဲ့ တခြား နတ်ဆရာငယ်လေးတွေကို ဝေ့ဝဲကြည့်လိုက်သည် ၊၊ထို့နောက်မှာတော့ ...
“ မိုးနတ်မင်းကြီး .. ခွင့်လွှတ်တော်မူပါ .. ”
“ အရှင် .. ”
နတ်ဆရာအကြီးအကဲအဖိုးအိုဟာ တစ်စုံတစ်ခုကို ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချလိုက်ဟန်နဲ့ .. မျက်ဝန်းအစုံကို မှေးမှိတ်လိုက်သည် .. ၊၊
“ မြောက်အရပ်ကို ခရီးနှင်ပြီး .. ဒီညအတွင်း မွေးဖွားခဲ့သမျှ ကလေးငယ်အကုန်လုံးကို စီရင်ပါ .. ”
“ ... အရှင် ”
“ ကူးစူးလန်သူတော်ဂိုဏ်းဟာ မျိုးတုန်းလုနီးပါးဖြစ်နေတဲ့ ငါတို့မျိုးရိုးကို အပြည့်အဝကာကွယ်ပေးယုံတင်မကဘဲ .. ကူးစူးအထိပါ ခေါ်ပြီး စောင့်ရှောက်ပေးခဲ့တယ် .. ဒီကျေးဇူးကိုဆပ်နိုင်ဖို့ ဒီမိုက်မဲနိမ့်ကျတဲ့အဖိုးအိုရဲ့ တောင်းဆိုချက်ကို ကျေးဇူးပြုပြီး လိုက်လျောပေးကြပါ ”
“ မငြင်းဆိုဝံ့ပါဘူး ... ”
အဖိုးအိုရဲ့ စကားသံအဆုံးမှာ အနီးအနားမှာရှိနေသမျှ နတ်ဆရာအုပ်စုငယ်ဟာ တစ်ယောက်မကျန် ခေါင်းငုံ့ပြီး အရိုအသေပေးလိုက်ကြတယ် .. ၊၊
YOU ARE READING
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21