Part [51] အတိတ်နေ့ရက်များ _ ၉
“ အားချန် .. ”
“ 。。。”
စိတ်ပျက်သံတဝက်နဲ့ ညည်းညည်းညူညူဆိုတော့ အစေခံအမျိုးသမီးငယ်က .. အားချန်ကို သူ့ရင်ခွင်ထဲ အတင်းဆွဲပြီး ပွေ့ပိုက်ထားသည် .. ၊၊
တကယ်ပဲ အကုန်လုံးကို မေ့သွားရှာပြီပဲ .. ၊၊
ဒီအမျိုးသမီးငယ်ရဲ့ မှတ်ဉာဏ်တွေထဲ သူအပါအဝင် .. တစ်ချိန်က အဖြစ်အပျက်အားလုံး ပျောက်ကွယ်လို့ .. တောအုပ်ထဲမှာနေထိုင်တဲ့ နွမ်းပါးတဲ့ မြေးအဖွားဆိုတဲ့ မှတ်ဉာဏ်တစ်ပိုင်းတစ်စပဲ ကျန်ရစ်တယ် .. ၊၊
မှတ်ဉာဏ်ဖျောက်ချိန်မှာ ဘယ်လောက်တောင် အားသုံးလိုက်မိလို့ ဒီလောက်ပိရိနေရတာလဲ .. ၊၊
တကယ်ပဲ သူ့ရဲ့ ဝိညာဉ်စွမ်းအားက ဘယ်လောက်တောင် အားကောင်းနေတာလဲ .. ၊၊ဆရာသခင်ပြောခဲ့သလို .. သခင်လေးကျန်းချန်ရဲ့ နောက်ကွယ်က အထောက်အပံ့ကောင်းအဖြစ် ရပ်တည်နိုင်လောက်အောင်ထိ စွမ်းအားရှိနေတာလား .. ၊၊
“ အားချန် .. ဆရာဖိုးဖိုးရဲ့ နောက်ဆုံးခရီးမှာ အားချန်လဲ ရှိနေရမယ်လေ .. ”
“ ဟင့်အင်း ဟင့်အင်း .. အားချန် မလိုက်ချင်ဘူး .. ”
“ အားချန်ပဲ ဆရာဖိုးဖိုးကို ချစ်တယ်ဆို .. သူ့ရဲ့နောက်ဆုံးခရီးကို လိုက်ပို့သူတွေထဲ .. အားချန်လေး မပါတာသိရင် ဆရာဖိုးဖိုး စိတ်မကောင်းဖြစ်မှာပေါ့ .. ”
“ ဟင့်အင်း ဟင့်အင်း .. ရှန့်ရှန့် မပါဘဲ ဘယ်မှမသွားဘူး .. ”
လေပြေလေးနဲ့ ချော့ခေါ်လဲမရ .. ဘီလူးဆိုင်းတီးပြီး ခြောက်ခေါ်လဲမရနဲ့ .. အားချန်နဲ့တော့ ခက်နေလေပြီ .. ၊၊
“ ဟို .. မြေးလေးက မလိုက်ချင်ဘူးတဲ့ .. သွား .. သွားပါတော့နော် .. ပြန်ပါ တော့ .. ”
အရေးထဲ အစေခံအမျိုးသမီးငယ်ကပါ သူ့ကိုမမှတ်မိတော့ ပိုဆိုးသည် .. ၊၊
“ ခဏပဲလိုက်ခဲ့ရမှာ .. ပြီးရင် ဦးဦးက ပြန်လိုက်ပို့ပေးမှာ .. ”
“ ရှန့်ရှန့်လေးမပါရင် ခဏလဲ မလိုက်ဘူး .. ”
“ အားချန် .. ဦးဦး စိတ်တိုလာပြီနော် .. ”
KAMU SEDANG MEMBACA
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fiksi Penggemarထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21