Part [84] အတိတ်နေ့ရက်များ _ ၄၂ [ Zawgyi + Unicode ]

714 94 15
                                    

Zawgyi


လူ​တိုင်းဟာ ​သေရမှာ ​ကြောက်​တတ်​သလားမသိ​ပေမယ့်​ လူတိုင်းနီးပါးက​တော့ ​သေရမှာ ​ကြောက်​ကြပါတယ်​ .. ၊၊

ဆိုတဲ့တိုင်​ ..
သူက​တော့ ရှင်​သန်​ရမှာကို ပို​ကြောက်​တယ်​ .. ၊၊

သေခြင်းတရားထက်​ ဆိုးဝါးရက်​စက်​တဲ့ အမှန်​တရား​တွေထဲ သူ့နှလုံးသားငယ်​ငယ်​ ယိုင်နဲ့ခဲ့ပြီမို့ .. ၊၊


_________________________


" အားချန်​ .. ရှင်​အဆင်​​ပြေရဲ့လား .. "

" ... "


မီး​ရောင်​သဲ့သဲ့​အောက်​က အမျိုးသမီးငယ်​ရဲ့မျက်နှာဟာ ​ဝေေ၀၀ါးဝါးပဲ .. ၊၊

မျက်​၀န်း​တွေ တဖန်​​မှေးမှိတ်​လိုက်​ချိန်​မှာ လက်​​ချောင်းသွယ်​​တွေက နဖူးပြင်​ထက် ထိကပ်​လာတယ်​ .. ၊၊ မသိမသာဘဲ ​ခေါင်းငဲ့​ရှောင်​ဖယ်​ဖြစ်​ပါတယ်​ .. ၊၊


" ခဏ​လောက်​အနားယူလိုက်​ရင်​ ​ကောင်းသွားမှာပါ ..
အရင်​ဆုံး အိပ်​​ရေးဝ​အောင်​အိပ်​လိုက်​ .. . "

" ၀ိမ်းချင်​ .. . "

" အင်း .. ဘာရှိလဲ .. "

" ​တောင်းပန်​ပါတယ်​ ..
ဝိမ်းနင်​ကို ကာကွယ်​မ​ပေးနိုင်​ခဲ့ဘူး .. "

" ပြီးခဲ့တာ​တွေ ပြီးပြီပဲ .. စိတ်​ထဲမထားပါနဲ့ .. "

" ရှန့်​ရှန့်​ကလဲ သူ့ကို ကာကွယ်​​ပေးနိုင်​မှာ မဟုတ်​ဘူး ..
အားလုံးက အချိန်​​နှောင်းသွားပြီ .. "

" အတတ်​နိုင်​ဆုံး​တော့ ကြိုးစား​ပေးခဲ့တာပဲမလား ..
အနည်းဆုံး​တော့ ​​နောက်​ဘ၀ပြန်​၀င်​စားနိုင်​ဦးမယ်​ မဟုတ်​လား .. "

" ဒါမဲ့ .. "

" ဒီ​လောက်​ဆိုရင်​ပဲ ရပါပြီ .. ရှင့်​အ​ပေါ် အပြစ်​မတင်​တာမို့ ရှင့်​ကိုယ်​ရှင်​ အပင်​ပန်းခံမ​နေနဲ့ .. "

" ... "

" အိပ်​မ​ပျော်​ဘူးဆိုရင်​ ကြက်​စွပ်​ပြုတ်​​သောက်​မလား ..
သွားယူ​ပေးမယ်​ .. ခဏ​လေး .. . "

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Место, где живут истории. Откройте их для себя