Part [67] အတိတ်နေ့ရက်များ _ ၂၅ [ Zawgyi + Unicode ]

997 104 17
                                    

Part [67]  အတိတ်နေ့ရက်များ _ ၂၅ 

“ မင်္ဂလာပွဲစနေပြီလေ .. မြန်မြန်လာ .. ”

“ ... ”

သူ့အဆောင်ဆီလာလို့ ခပ်လောလော ဆော်ဩနေတဲ့ ဝိမ်းချင်ကို ခေါင်းခါပြလိုက်တယ် .. ၊၊

သူလိုလူက ဒီမင်္ဂလာပွဲကိုတက်လို့လဲ ဘယ်သူ့ကိုမှ ဂုဏ်တက်စေနိုင်မှာမှ မဟုတ်ဘဲ .. ၊၊

“ ကျန်းသခင်မလေးက နင့်ကိုရှာနေတာ .. ”

“ နေပါစေတော့ .. ”

ဘယ်လိုမှ လူမြင်မတင့်နိုင်တဲ့ ဝတ်စားဆင်ယင်မှုနဲ့ ကိုယ့်ကိုယ်​ကို .. စိတ်ပျက်စွာငုံ့ကြည့်လို့ နောက်တစ်ကြိမ် ခေါင်းယမ်းလိုက်တယ် .. ၊၊

“ ဟင်း .. မနက်ဖြန်ရော ဒီလိုပဲရှောင်နေဦးမှာလား .. ကျန်းဝမ်ရင်နဲ့ရော အခုထိ မခေါ်ကြသေးဘူးမလား .. ”

ဝိမ်းချင်က သက်ပြင်းသဲ့သဲ့ချလို့ဆိုလာမှ သတိရတယ် .. ၊၊ မနက်ဖြန်က ကျန်းချန်ရဲ့ မင်္ဂလာပွဲနေ့ပဲ .. ၊၊

“ ဝိမ်းသမားတော် .. ”

“ ဆို .. ”

သူ့ရှေ့ ဝင်ထိုင်လို့ မျက်မှောင်ကြီးကုတ်ထားတဲ့ ဝိမ်းချင်ကို မျက်နှာလွှဲတယ် .. ၊၊

ဒီစကားတွေ မပြောလိုပေမယ့် .. ပြောမှဖြစ်မယ် .. ၊၊

ကျန်းချန်ရဲ့နှလုံးသားက ဆူးတစ်ချောင်းကို ဖယ်ရှားမပေးနိုင်တဲ့တိုင် ..
ဝိမ်းချင်ရဲ့ နှလုံးသားကိုတော့ ဆူးမစူးရအောင် ကြိုးစားပေးရမယ် .. ၊၊

ကျန်းချန်ရဲ့ သူ့အပေါ်ပြတ်သားလိုမှု ဆန္ဒတစ်စွန်းတစ်စမှာ ဝိမ်းချင်ဟာ ဘာအပြစ်မှမရှိဘဲ ဓားစာခံသက်သက်ဖြစ်လို့ ..

ဆိုခဲ့တဲ့အတိုင်း .. ကျန်းချန်က သူ့အပေါ်ကလွဲရင် အကုန်လုံးအပေါ် ရက်စက်ဖို့ ဝန်မလေးခဲ့ပါဘူး .. ၊၊

“ တောင်းပန်ပါတယ် .. ”

“ ... ”

နားမလည်သလို မော့ကြည့်လာတဲ့ ဝိမ်းချင်ကို ဟတ်ခနဲတစ်ချက်ရယ်ပြလိုက်ရင်း ...

“ ဝမ်းကွဲအစ်ကိုမှာက ငါ့ကြောင့်နဲ့ နာကျင်စရာတွေများတယ် .. သူ့အပေါ် နားလည်လက်ခံပေးဖို့ တောင်းပန်ပါတယ် .. ”

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Donde viven las historias. Descúbrelo ahora