Part [92] အတိတ်နေ့ရက်များ _ ၅၀ [ Zawgyi + Unicode ]

418 60 19
                                    


Zawgyi

“ ​ဝေ့ဝူရှန့်​ .. နင်​ဘယ်​လိုများ ဆုံးဖြတ်​နိုင်​ရတာလဲ .. ”

“ . . . ”

“ ဟင့်​အင်း .. ငါသ​ဘောမတူဘူး ..
ကျန်းချန်ကလဲ ဖြစ်​​စေချင်​မှာမဟုတ်​ဘူး .. ​​​လုံးဝ လုပ်​မ​ပေးနိုင်​ဘူး .. ”

“ . . ဝိမ်းချင်​ ”

“ ပြီးရင်​ ​​ခေါ်လိုက်​ ..
ပန်းကန်​လာသိမ်း​ပေးမယ်​ .. ”


တောင်းဆိုချက်​ကို လုံးဝငြင်းပယ်​ပြီး​နောက်​ ဝိမ်းချင်​က ချက်​ချင်းထရပ်​တယ်​ .. ။ အ​ဆောင်​တံခါးကို ဆွဲဖွင့်​ဖို့ပြင်​ချိန်​မှာပဲ .. ​ကျောဘက်​ဆီမှ ​ဝေ့ဝူရှန့်​ရဲ့ ​လေသံခပ်​တိုးတိုးက ထွက်​​ပေါ်လာရဲ့ .. ။


“ ဘယ်​လို​နေ​နေ .. ငါက ​သေလူပဲ ”

“ . . . ”

“ နတ်​​ဆေးဆရာမျိုးနွယ်​စု ဝိမ်းဂိုဏ်းရဲ့ အ​တော်​ဆုံး​သောဆက်​ခံသူ နတ်​​ဆေးသမား​တော်ဝိမ်းချင်​ .. ဒီ​ဝေ့ဝူရှန့်​က အကူအညီ​တောင်းပါတယ်​ .. ”

“ နင် .. ​တကယ်ပဲ ​ရူးသွားပြီလား ..
ဒီလို​တောင်းဆိုရင်​ ငါမငြင်းနိုင်​ဘူးဆိုတာသိရဲ့နဲ့ .. တင်​ရှိ​နေတဲ့ ​ကျေးဇူး​ကြွေးအတွက်​ နင်​​သာအကူအညီ​တောင်းလာခဲ့ရင်​ ငြင်းလို့မဖြစ်​တာသိရဲ့နဲ့ .. ဘာလို့များ ... . ငါ .. တကယ်​ဟာ .. .  ”


ကျဉ်းထဲကြပ်​ထဲ ​ရောက်​​နေသလိုမျိုး .. ​စိတ်​ရှုပ်​​ထွေးဟန်​ဆိုလာတဲ့ ဝိမ်းချင်​ကို အားနာရ​ပေမယ့်​ .. သူ့​တောင်းဆိုချက်​ကိုလဲ ပြင်​ဆင်​ဖို့ရာ စိတ်​ကူးမရှိတာမို့ .. ။ ထပ်ေ​ပြာရရင် .. ​ဖန်​​လေတဲ့ကံကြမ္မာကိုလဲ ပြစ်​တင်​ဖို့ရာ မစွမ်းသာပြီမို့ .. ။


“ ​ကျေးဇူးပြုပြီး ဝိမ်းချင်​ ..
ငါ့ရဲ့​နောက်​ဆုံး​နေ့ရက်​မတိုင်​ခင်​ .. အခုချက်​ချင်းပဲ .. . ”

“ ကျန်းချန်​က သ​ဘောတူမှာမဟုတ်​ဘူး ..
ငါငြင်းလို့မရတာမို့ .. ​ဝေ့ဝူရှန့်​ နင်​ကပဲလက်​​လျှော့လိုက်​ပါ​တော့ .. ”

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Where stories live. Discover now