" Xiao Zhan .. မသွားနဲ့ဆို .. "" မသွားလို့မရဘူး ..
ဒီတစ်ခေါက်ထပ်ပျက်ရင် ပါးက ခေါင်းဖြတ်တော့မှာ .. "သူ့စကားကြောင့် Da Cheng က ဘုကြည့်ကြည့်တယ်
စပ်ဖြဲဖြဲ ပြန်ပြုံးပြလိုက်ရင်း .." မင်းကလဲကွာ .. အဲ့လိုကြီးကြည့်တော့ ယုန်ပေါက်လေး လန့်တာပေါ့လို့ .. ဟီး .. "
" အခု မင်းသွားဒိတ်မယ့် ရှန်ချိုးလုပ်ငန်းစုရဲ့ သမီးအကြီးအကြောင်း မင်းဘယ်လောက်သိလဲ .. "
လေသံမာမာနဲ့မေးလာတဲ့ Da Cheng ရဲ့ အမေးကို မျက်လုံးဟိုကပ်ဒီကပ်လုပ် .. ခဏလေး စဉ်းစားသလိုလုပ်ပြီးမှ ..
" ဘယ်ဆေးရုံအုပ်ရဲ့သားနဲ့ ဘယ်တုန်းက အိမ်ထောင်ကျဖူးတယ် ဆိုလားပဲ .. နည်းနည်းတော့ သိသလိုလိုရှိသား .. "
" အူကြောင်ကြောင် လုပ်နေတာတွေရပ် .. အိမ်ထောင်ပျက်ပြီးသား မိန်းမတစ်ယောက်နဲ့ သွားတွေ့ပြီး လက်ထပ်ရလောက်အောင်ထိ အကြံဉာဏ်တွေ မတုံးနဲ့ "
" အားရိုး .. မင်းနော် .. သူများသားသမီးကို .. ပြောမထွက်တဲ့ စကားလုံးကို မရှိဘူး .. "
Xiao Zhan.. မျက်နှာကို အသားကုန် ရှုံ့မဲ့ပြီး ဆိုနေပေမယ့် Da Cheng ကတော့ သူပြောလက်စ စကားဆုံးအောင် ဆက်ပြောတယ် .. ၊၊
" ဘာကြောင့် ကွာရှင်းလိုက်ကြလဲ ဆိုတာရော မင်းသိလား .. အဲ့မိန်းမက ကလေးမမွေးနိုင်လို့ .. "
" ငါသိတယ် ငါသိတယ် .. ထပ်မပြောနဲ့တော့ .. "
Da Cheng စကားမဆုံးခင်ပဲ စိတ်ပျက်တဲ့လေသံနဲ့ ဝင်ပြီး စကားဖြတ်ရတယ် .. ၊၊ တော်လောက်ပြီလေ .. ၊၊ သူများသားသမီးကို ဒီလောက်ပြောဆိုနေတာ .. ၊၊
" သိတယ်ဆို ဘာလို့ လက်ခံသေးလဲ .. မင်းမျိုးဆက်ပြတ်သွားမှာ မင်းမသိဘူးလား .. ရွေးစရာ အဲ့လောက်တောင် ရှားနေလား .. "
" ဆိုတော့ .. ရှေ့တွေက ငါနဲ့ဒိတ်လုပ်ခဲ့တဲ့ မိန်းကလေးတွေကရော .. "
Xiao Zhan ရဲ့ အေးစက်စက်အမေးမှာ ..
Da Cheng ထိတ်ထိတ်ပျာပျာပုံစံမျိုးနဲ့ .." မင်း ဘာစကားပြောတာလဲ Xiao Zhan .. "
" ဘာရယ်မဟုတ်ပါဘူး .. ဒီတိုင်းပဲ ပြောလိုက်တာ .. "
VOCÊ ESTÁ LENDO
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanficထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21