Part [15] အပြောင်းအလဲ [ Zawgyi + Unicode ]

2.3K 230 4
                                    

မမြင့်လွန်းတဲ့ တောင်ကုန်းတစ်ခုပေါ်မှာ .. သူ့ကို ကျောပေးပြီး လက်နောက်ပစ်ရပ်နေတဲ့ အဖြူရောင်ဝတ်ရုံနဲ့ လူသားတစ်ယောက် .. ၊၊

ဆက်ငေးနေစဉ်မှာပဲ ထိုလူသားက သူ့ဘက် မျက်နှာမူလာရဲ့ .. ၊၊

" .. ဘုရားကယ်ပါ .. "

အလန့်တကြားအော်ပြီး သူ့မျက်လုံးတွေကို အတင်းပွတ်သပ်လိုက်မိတယ် .. ၊၊
ပြီးတော့ .. သူ့ရှေ့က ဝတ်ရုံဖြူလူသားကို နောက်တစ်ခေါက် ပြန်ကြည့်တယ် .. ၊၊

အမှန်ပါပဲ .. သူ့အမြင်တွေ မမှားခဲ့ဘူး .. ၊၊ သူ့မျက်လုံးတွေ မလိမ်ညာခဲ့ဘူး .. ၊၊
မှန်တစ်ချပ်ကို ကြည့်နေရသလိုမျိုး သူ့ရှေ့ကထိုလူက သူနဲ့ လုံးဝချွတ်စွတ် .. ၊၊ အင်းအင်း .. ဝတ်ပုံစားပုံတော့ ကွာတာပေါ့ .. ၊၊

" ခင် ဗျား .. က .. ဘယ် သူ လဲ .. "

အတော်လေးထိန်းပြောလိုက်ပေမယ့် အနားသတ် တုန်ယင်နေတဲ့ သူ့စကားတွေက အံဩမှုကို မဖုံးကွယ်နိုင်ခဲ့ဘူး .. ၊၊
သူကသာ အံဩနေတာ .. ဟိုကဖြင့် သူ့အမေးကို နည်းနည်းလေးတောင် အရေးမစိုက်ပဲ ရှေ့တူရှုဆီ ပြန်လှည့်သွားလေရဲ့ .. ၊၊

" မေးနေတယ်လေ .. ခင်ဗျား ဘယ်သူလဲ .. လို့ .. "

ဒုတိယမြောက်မေးခွန်းအဆုံးမှာ သူ့နောက်ကျောဆီက လေတဖြူးဖြူးတိုက်နေတာကို ခံစားမိတယ် .. ၊၊

" ဘယ်ကတိုက်နေတာပါလိမ့် .. လေက .. ဟင် .. "

ခဏလေး အာရုံပြောင်းမိချိန်မှာပဲ .. ရှေ့မှာရပ်နေတဲ့လူသားက ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပြီ .. ၊၊

စိတ်ရှုပ်ထွေးစွာ မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်မိုးပွတ်သပ်ရင်းမှ သတိထားမိတာက လက်ကောက်ဝတ်ကနေ လျောကျသွားတဲ့ အင်္ကျီလက်တွေ .. ၊၊

" မဖြစ်နိုင်တာ .. "

မယုံနိုင်ခြင်းများစွာနဲ့ အင်္ကျီလက်တွေသာမက ခန္ဓာကိုယ်တစ်ခုလုံးကို ဟိုလှည့်ဒီလှည့် လုပ်ကြည့်မိတော့ ယမ်းခါပြီး ပုခုံးထက်ဆီ လွင့်လာတဲ့ ဆံနွယ်စတွေ .. ၊၊

ဝတ်ရုံရှည် .. အဖြူရောင် ဝတ်ရုံရှည် .. ၊၊
ပြီးတော့ ခါးအထိ ရှည်လျားနေတဲ့ ဆံနွယ်တွေ .. ၊၊

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Where stories live. Discover now