Part [37] Empty [ Zawgyi + Unicode ]

1.6K 180 9
                                    

Part [37]  Empty

Yibo ဆက်အိပ်လို့မရတော့တာမို့ အိပ်ရာက လူးလဲထလိုက်တယ် .. ၊၊
ကုတင်ဘေးစားပွဲပေါ်က ဖုန်းလှမ်းယူပြီး ကိတ်တစ်ဘူးနဲ့ အပွင့်တစ်ရာပါတဲ့ နှင်းဆီပန်းနီနီလှလှကြီးတစ်စည်း မှာပြီးတဲ့အထိ ယုန်ပေါက်စငယ်ဟာ အခန်းထဲ ပြန်ရောက်မလာသေးဘူး .. ၊၊

လေးတိလေးကန်ပဲ ကုတင်ပေါ်ကဆင်းပြီး မီးဖိုခန်းထဲ သွားရတယ် .. ၊၊

မီးဖိုခန်းထဲရောက်တော့ .. မီးဖိုပေါ်မှာ ဆူပွက်နေပါတဲ့ ရေနွေးအိုးက ဆီးကြိုလို့ .. ၊၊
စားပွဲထက်မှာတော့ အသင့်ဖောက်ပြီးသား ခေါက်ဆွဲဘူးနှစ်ဘူး .. ၊၊

မီးဖိုမီးပိတ်ပြီး .. ယုန်ပေါက်စ ရှာပုံတော်ဖွင့်ဖို့ ရေချိုးခန်းဆီ ဦးတည်ရပြန်ရော .. ၊၊

" ယုန်အိုကြီး .. ခင်ဗျား ရေချိုးခန်းထဲမှာလား .. "

" 。。。"

ပြန်ဖြေသံမကြားတာမို့ ခပ်ဟဟပွင့်နေတဲ့ ရေချိုးခန်းထဲ ဝင်ကြည့်တော့လဲ ရှိမနေဘူး .. ၊၊
ဒါဆို သန့်စင်ခန်းရော .. ဟင့်အင်း မရှိဘူး .. ၊၊

ဖုန်းလေးကို မြှောက်လိုက်ဖမ်းလိုက်လုပ်ရင်း ဧည့်ခန်းဆီပဲ ဦးတည်လိုက်တော့တယ် .. ၊၊

ပွင့်နေတဲ့ တံခါးမကြီးဆီ အကြည့်ရောက်တော့ ပါးပါးလေး ပြုံးမိတာပဲ .. ၊၊

အမှိုက်သွားပစ်နေတာ နေမှာ .. ၊၊
အဲ့ဒီ့ယုန်ပေါက်ဟာလေ ဘယ်လောက်ပဲ ပြောနေနေ .. ကိုယ်တိုင်အမှိုက်သွားပစ်ရမှ ကျေနပ်တဲ့သူ .. ၊၊
တံခါးကိုလဲ ဘယ်တော့မှ သေချာပိတ်လေ့မရှိဘူး .. ၊၊
ရေချိုးခန်းတံခါး သေချာမပိတ်လို့ သူနဲ့ခဏခဏတိုးတာ ကိစ္စမရှိပေမယ့် အခုလို တံခါးမကြီးကို သေချာမပိတ်တာတော့ နည်းနည်းလေး ပြဿနာရှိတယ် ၊၊ ယုန်ပေါက်စပြန်လာမှ သေချာနားလည်အောင် ထပ်ပြောရဦးမယ် .. ၊၊

အတွေးနဲ့အတူ တံခါးပိတ်ဖို့ပြင်တော့ အခန်းပြင်မှာ ရှိနေပါတဲ့ အိမ်တွင်းစီးဖိနပ်တစ်ဖက် .. ၊၊

သေချာပါတယ်ယုန်ပေါက်စီးတဲ့ဖိနပ်ပဲ .. ၊၊

အမွှေးပွလေးတွေနဲ့ ယုန်ရုပ်လေးပါတဲ့ အိမ်တွင်းစီး ဖိနပ်အသစ်ကို သူ့ကိုစီးစေပြီး .. ရှိပြီးသား အစင်းကြားနဲ့ ဖိနပ်အဟောင်းကိုတော့ ယုန်ပေါက်က ဆက်စီးတယ် ၊၊

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Where stories live. Discover now