Zawgyi
ဝမ်းနည်းခြင်းအခမ်းအနား .. ။
လန်ရှီးချန်အနေနဲ့ သဘောမတူလိုတဲ့တိုင် .. လန်ဂိုဏ်းရဲ့ ပြိုလဲလုနီးပါးအခြေအနေကို ထိန်းသိမ်းနိုင်ဖို့အတွက်က ဒီနည်းလမ်းအပြင် မရှိတော့ပြီမို့ .. အဆုံးမှာ ခေါင်းညိမ့်လိုက်ရတယ် .. ။
လက်ရှိအခြေအနေအရ လန်ဂိုဏ်းမှာ သူအပါအဝင် .. ဆရာဦးလေး .. စစ်ကျွေးနဲ့ကျင်းလင်ပဲ အကောင်းပကတိရှိနေသေးတယ် ဆိုရမယ် .. ။ ကျန်တဲ့စာသင်သားတွေအကုန်လုံးက မှော်နက်ဝိညာဉ် နိုးထပြီးသားသူတွေမို့ သေလူတစ်ဝက်ဖြစ်နေပြီးသားပဲ .. ။ သူတို့ကိုတောင် တစ်ပြန်စောင့်ကြည့်နေရသေးတော့ အခမ်းအနားပြင်ဆင်ရာမှာ သိပ်လဲနှောင့်နှေးရတယ် .. ။ ဆရာဦးလေးရဲ့ သဘောအရသာဆိုရင်တော့ နတ်ဆိုးဝိညာဉ် အလုံးစုံနိုးထမလာသေးခင် ရက်အနည်းငယ်အတွင်း .. နှလုံးငြိမ်တေးသွားတွေနဲ့ အမျိုးမျိုးကုသကြည့်ဖို့ပါပဲ .. ။ တက်စွမ်းသရွေ့ နောက်ဆုံးအချိန်အထိ ကြိုးစားကြည့်ရင်း .. စာသင်သားတွေကို ကယ်တင်ချင်တဲ့တိုင်ပေါ့ .. ။ နတ်ဆရာသခင်ကျန်းကတော့ လုံးဝကြီးငြင်းပယ်တယ် .. ။
တဖြည်းဖြည်းချင်းနီးကပ်လာမယ့် အဆုံးသတ်ကို ကိုယ့်ဘက်က အရင်ဦးအောင် သွားနှင့်ရမယ်တဲ့ .. ။ ငဲ့ညှာထောက်ထားရမယ့် တစ်ပါးသောသူတွေထက်ပဲ လက်ရှိဒုက္ခပင်လယ်ဝေနေတဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့က အရေးကြီးပါသတဲ့ .. ။ ဆိုခဲ့သလိုပဲ .. ကိုယ်တိုင်မစွမ်းသာတော့တဲ့ ဒီအခြေအနေမှာ .. နစ်နာသူဖြစ်တဲ့ နတ်ဆိုးဝိညာဉ်တစ်ပိုင်းနဲ့ လန်ဂိုဏ်းရဲ့စာသင်သားတွေကို လုံးဝစတေးလိုက်ဖို့ ရွေးချယ်တယ် .. ။ သူတို့တက်နိုင်သမျှက .. နတ်ဆရာကျန်းရွေးချယ်တဲ့အပေါ် လက်သင့်ခံပေးယုံပါပဲ .. ။ ဘာကြီးပဲ ဖြစ်နေပါစေပေါ့ .. ။
“ .. နတ်ဆရာဖြူတွေအပေါ်မှာတော့ နတ်ဆိုးပင့်ခေါ်တေးသွားက အကျိုးမသက်ရောက်နိုင်တာမို့ တော်သေးတာပေါ့ .. မဟုတ်ရင် မတွေးရဲစရာပဲ .. ”
DU LIEST GERADE
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21