Part [42] တားဆီးမရတဲ့ ကံကြမ္မာ [ Zawgyi + Unicode ]

1.9K 164 14
                                    

Part [42]  တားဆီးမရတဲ့ ကံကြမ္မာ 

" အခွင့်အရေး တစ်ခုရှိတယ် .. အကြောင်းပြချက်ကောင်းကောင်းပေးနိုင်ရင်ပေါ့ .. "

အလင်းရောင်ပျပျလေးသာရှိတဲ့ အခန်းထဲမှာ .. ကောင်းဘိွုင်ဦးထုပ် ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ အနှီလူသားက နံရံဆီ ခပ်လျော့လျော့မှီတွဲ့လို့ .. အေးအေးဆေးဆေးဆိုတယ် .. ၊၊

အလင်းရောင်ပျပျလို့ ဆိုတဲ့အတိုင်း ထိုသူ့မျက်နှာကို သေသေချာချာမမြင်ရပဲ မထင်မရှားလေးပဲ မြင်ရတယ် .. ၊၊

ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ အရောင်မှိုင်းမှိုင်း ကောင်းဘိွုင်ဦးထုပ်အောက်မှာ စူးရဲရဲမျက်ဝန်းတစ်စုံ ရှိနေမှာတော့ သေချာနေခဲ့ပြီးသား .. ၊၊

ပိန်းပိတ်အောင်မှောင်မိုက်တဲ့ အမှောင်ထုထဲမှာတောင် အဲ့ဒီ့မျက်ဝန်းတွေက သိသိသာသာထွန်းလင်းလို့ စူးစူးရဲတောက်ပြောင်နေနိုင်တယ် .. ၊၊

ဆိုရရင် လင်းယုန်ငှက်ရဲ့ မျက်ဝန်းတွေလိုပဲ .. ၊၊

အရာရာကို ထိုးထွင်းသိမြင်နိုင်စွမ်း မြင့်မားပြီး ရက်စက်မှုအပေါင်း သရဖူဆောင်းတယ် .. ၊၊

ပြီးတော့ .. သူဟာ ဒီနယ်ပယ်မှာ မကြာသေးခင်ကမှ နာမည်ရလာပြီး အမှောင်လောကရဲ့ ဘိုးဘေးကြီးတွေ ကြောက်ရွံ့ရတဲ့အထိ အာဏာပြင်းတယ် .. ၊၊

တစ်နှစ်အတွင်းမှာပဲ သူသတ်ခဲ့တဲ့ လူအရေအတွက်က ရေကြည့်လို့မရနိုင်တော့ဘူး .. ၊၊

ထူးခြားချက်က ..
သူဟာ တခြားအမှောင်ဂိုဏ်းသားတွေလိုမျိုး ရုပ်လုံးထွက်မပြဘဲ နောက်ကွယ်က ကြိုးကိုင်တာမျိုး လုံးဝမလုပ်ဘူး .. ၊၊

အန္တရာယ်များတဲ့ စစ်မြေပြင်တွေကိုတောင် ကိုယ်တိုင်သွားရောက်ပြီး လက်နက်အရောင်းအဝယ် လုပ်တယ် .. ၊၊

နောက် .. မီးလျှံနတ်သမီး .. ၊၊
တော်ယုံဘီလျံနာတွေတောင် လက်လှမ်းမမီနိုင်တဲ့ အဲ့ဒီ့မူးယစ်ဆေးဝါးကို အဓိကထိန်းချုပ်သူဖြစ်တယ် ၊၊

အသက်သုံးဆယ်ဝန်းကျင်သာရှိသေးဦးမယ့် အဲ့ဒီ့လူသားဟာ သူတို့မျက်လုံးနဲ့တောင် မော်မကြည့်ရဲတဲ့ အနေအထားကို နေ့ချင်းညချင်းပဲ ရောက်လာခဲ့တယ် .. ၊၊

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Donde viven las historias. Descúbrelo ahora