Part [108] ဒီအမုန်းခံ​ဗီလိန်​မှာလဲ အ​ကြောင်းပြချက်​ရှိပါတယ်​ _ ၁

498 57 10
                                    


Zawgyi

ကျင့်ကြံ​ရေးေ​လာကရဲ့ အင်​အားကြီးမားတဲ့ဂိုဏ်း​တွေကိုသာမက .. သာမ​ညောင်​ညဂိုဏ်း​​လေး​တွေကိုပါ အရိပ်တကြည့်ကြည့်နဲ့ ​​​မျက်​နှာချို​သွေး​နေရတဲ့ နတ်​ဆရာနီမျိုးနွယ်​စု​လေးမှာလည်း .. ခါးသီး​နေ့ရက်​​တွေ ရှိခဲ့ရှာရဲ့ .. ။ အများအမြင်​မှာ​ ဂိုဏ်း​ပေါင်းစုံတိုင်းနဲ့သင့်​မြတ်​ပြီး အ​နေအစား​ချောင်​လည်​တဲ့တိုင်​ .. လက်​​တွေ့ရင်​ဆိုင်​ဖြတ်​သန်းရတဲ့ဘဝက​တော့ ခက်​ခဲပင်​ပန်းလွန်းရဲ့ .. ။

အကုန်လုံးလိုလိုက ​​ပိုလျှံတဲ့အရိုးအရင်း​လေး​တွေ ပစ်​ချ​ကျွေးလိုက်​ .. မတန်​တဆ ဖိနှိပ်​ညှင်းဆဲလိုက်​နဲ့ .. ။ လူဦးရေအရလဲ ​အင်​အားနည်းသလို .. ​ငွေ​ကြေးဥစ္စာအရလဲ နွမ်းပါးလွန်းတဲ့ အဲ့ဒီ့မျိုးနွယ်​စု​လေးက .. နီးရာ​ဝေးရာ ဓားအကုန်​လုံးကို​ကြောက်​ရတဲ့ အနှိမ်ခံလေးသာပါပဲ .. ။

အဲ့ဒါ​ကြောင့်​လဲ သူက ​ရွေးချယ်​ခဲ့တာ .. ။
ကြီးမြတ်​လှတဲ့ဂုဏ်​သတင်း​တွေနဲ့ အဆင့်​အတန်းတူခြင်း ​မြှောက်​စား​နေကြတဲ့ ဂိုဏ်းကြီးကြီး​တွေထက်​ .. အကုန်​လုံးရဲ့​ဆန့်​ကျင်​ဘက်​ တစ်​သီးတစ်​သန့်​ရပ်​တည်​ပါတဲ့ ချီရှန်းဝမ်​ဂိုဏ်းကို .. ။ ဆို​တော့ .. သူက ထင်​ခဲ့မိတာကိုး .. ။ မျိုးရိုးတိမ်​​ကောသွားတဲ့အထိ အကုန်​လုံးရဲ့ အဖိနှိပ်​ခံအဖြစ်​ ဆက်​လက်​ရှင်​သန်​သွားမယ့်​အစား .. တစ်ဦးတစ်​​ယောက်​တည်းရဲ့ဖိနပ်​ကိုပဲ ​တောက်​​ပြောင်​​အောင်​လျှာနဲ့လျက်​​ပေး​ပြီး တစ်​​ခေတ်​မှာတစ်​​ခေါက်​​လောက်​ ထွန်း​ပေါက်​လိုက်​တာကသာ အသက်​ရှင်​ရကျိုး နပ်​လိမ့်​ဦးမယ်​လို့ .. ။

သူ့ဆန္ဒ​တွေ ပြည့်​ဝတယ်​ဆိုရမယ်​ .. ။
ပညာသည်​မျိုးရိုးကတဆင့်​ ပတ်​သက်​ဆက်​နွယ်​ရင်း တကယ်​လဲ ဝမ်​ဂိုဏ်းဆီ ခိုလှုံနိုင်​ခဲ့တယ်​ .. ။ ဝမ်​ဂိုဏ်းရဲ့အကာအကွယ်​ခံအဖြစ်​နဲ့ တခြား​သောဂိုဏ်း​တွေဆီ မျက်​နှာချိုမ​သွေး​တော့လဲ အဆင်​​ပြေခဲ့တယ်​ .. ။ ​မော်​ကြွား​ထောင်​လွှား​နေလဲ ဘယ်​သူကမှ လာပြီးရိုက်​နှက်​ကန်​​ကျောက်​မှာ မဟုတ်​ဘူး .. ။ ​နောက်​ကွယ်​မှာ​ နှာ​ခေါင်းရှုံ့ရင်း တီးတိုးတီးတိုး အတင်းအဖျင်း​ပြောကြတာ​တွေ ပြန်​ကြားသိရ​ပေမယ့်​လဲ ဂရုစိုက်​​နေစရာမှ မလိုဘဲ .. ။ အဓိက .. ဘယ်​သူမှ မျက်​နှာ​ရှေ့က လာဖြတ်​မရိုက်​ရင်​ဘဲ ​တော်​​ရော​ပေါ့ .. ။

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Donde viven las historias. Descúbrelo ahora