ZawgyiPart [102] အားနာတယ် လောင်ဝမ် .. 「 အားနာတယ် လောင်ဝမ် .. 」
“ ဟေ့ .. ”
“ . . . ”
စပ်ဖြီးဖြီးမျက်နှာပေးနဲ့အတူ အားနဲ့မာန်နဲ့ ပုခုံးပေါ်ပုတ်ချလာတဲ့ လက်တစ်ဖက်ဟာ အသာအယာပဲ ဖယ်ချခြင်းခံရတယ် .. ။
“ အာ .. မင်းကလဲ ပျင်းစရာကြီး ”
“ . . . ”
“ ရိပေါ်လို့ .. ဝမ်ရိပေါ် .. ”
“ ကျွန်တော် .. နည်းနည်းပင်ပန်းနေလို့ .. ”
ဆေးရုံဆင်းပြီးချိန်ကတည်းက အခုမှ ပထမဆုံးအနေနဲ့ လူလုံးထွက်ပြခြင်းပါပဲ .. ။ ရေခဲတုံးလို အေးစက်စက်ကောင်လေးက အခုများတော့ ရေခဲစက်ကြီးလို ပိုသာပြီးသာ အေးစက်ဆိတ်ငြိမ်လာခဲ့ .. ။ နောက်ဆိုရင် Ice prince လို့ မခေါ်တော့ဘဲ Iceberg လို့ ပြောင်းခေါ်ရကိန်းတွေတောင် ရှိလာနိုင်တယ် .. ။ အဲ .. ဆိုပေမယ့်ပေါ့ .. ။ သူ့ဖန်တွေနဲ့သူတော့လဲ ဟုတ်နေတာပါပဲ .. ။ တစ် cool guy ထဲ cool guy ပြီး ရှုတင်ရှိရာဆီ နေ့နေ့ညည အလွတ်တန်းပါပါရာဇီလုပ်ကြနဲ့ .. ဟုတ်နေရော .. ။
လက်ရှိအခြေအနေဆီ ပြန်ဆက်ရရင်တော့ .. မျက်မှောင်ကြီး အသားကုန်ကျုံ့ထားပြီး စူပုပ်ကောက်ချိတ်နေတဲ့ ဟောက်ရွှမ်းကို တွေ့ရမှာပဲဖြစ်တယ် .. ။ ဘေးခုံဆီမှာတော့ မိတ်ကပ်အဖျက်ခံရင်း ရိပေါ်က အပီအပြင်ကြီးကို အိပ်ငိုက်လို့ .. ။
မိနစ်တွေ လျင်လျင်မြန်မြန် ကုန်ဆုံးသွားပြီးတဲ့နောက် ရှုတင်စချိန်ဟာလဲ ပြန်ရောက်လာခဲ့တယ် .. ။ တစ်ဆက်တည်းမှာပဲ ဒါရိုက်တာကြီးရဲ့ လောဆော်သံက ကပ်ရပ်ပါလာရဲ့ .. ။ ရိပေါ်ကြည့်ရတာလဲ ပြန်ချော့မယ့်ပုံ သုညဒဿမ သုညသုညသုညတစ် ရာခိုင်နှုန်းလောက်တောင်မရှိတာမို့ ခပ်မဲ့မဲ့ပြုံးရင်းပဲ ရိုက်ကွင်းရှိရာ ကြွမြန်းရတယ် .. ။ ဒီရက်တွေမှာ ဝမ်ရိပေါ်တို့တစ်ဖွဲ့လုံး ဒီပုံစံတွေချည်းမို့ သူကပဲ အလိုက်သိပေးရပါတယ် .. ။
DU LIEST GERADE
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21