Part [71] အတိတ်နေ့ရက်များ _ ၂၉
“ မမ .. နင်ပဲစဉ်းစားကြည့် .. ငါနဲ့နျဲ့အစ်ကိုလေးကိုကျ သေချင်သေပါစေ မတားဘူးတဲ့ .. ဝေ့သခင်လေးကလွဲရင် ဘယ်သူ့ကိုမှ စိတ်မပူဘူးတဲ့ .. အဲ့ဒီ့ လန်ဝမ့်ကျီးဟာလေ .. သိပ် .. . ဖူး .. အဟွတ် .. ”
“ ... ”
ဝမ့်ကျီးကို အပြစ်တင်လိုဇော အားကြီးနေတဲ့ဝိမ်းနင်က .. ၀ိမ်းချင် စွတ်ထိုးတိုက်လာတဲ့ ဆေးပန်းကန်လုံးလေးကို အကုန်လုံး တစ်ကျိုက်ထဲမော့ချလို့ စကားဆက်တယ် .. ၊၊
“ လန်သခင်လေးက သိပ်လဲ တစ်ကိုယ်ကောင်းဆန်တယ် .. ဟမ့် ..
နင်လဲတစ်မှောင့် .. ငါ့ဘ၀လေး ဘယ်တော့များမှ ဒီဆေးခါးကြီးတွေက ကင်းလွတ်ခွင့်ရမှာလဲ .. မှန်မှန်ထပ်ညာစမ်းပါဦး .. ”“ ... ”
ဝေ့၀ဲကြည့်ရင်း သူ့ဆီ မြှားဦးလှည့်လာပြန်တဲ့ ၀ိမ်းနင်ကို ၀ိမ်းချင်ကတော့ ပြုံးပြုံးလေး ကြည့်နေလိုက်တော့တာပဲ .. ၊၊
ဝိမ်းနင်က ဟိုးငယ်ငယ်လေးကတည်းက ချူချာတယ် .. ၊၊ မျိုးနွယ်စုတိုက်ပွဲတွေအကြား .. ၀ိမ်းဂိုဏ်းတစ်ခုလုံး သုတ်သင်ခံရပြီးချိန်နောက်ပိုင်း ပိုဆိုးတယ် .. ၊၊ မျိုးနွယ်စုတိုက်ပွဲအတွင်း ပညာသည်တွေရဲ့အမည်မဲ့အဆိပ်တစ်မျိုးမိတဲ့အတွက်လို့ ယူဆမိပေမယ့် .. ဆိုခဲ့တဲ့အတိုင်း အမည်မဲ့ဆိုမှတော့ အဆိပ်ဖြေဆေးဟာလဲ ဖော်စပ်နိုင်ဖို့ နတ္ထိပါပဲ .. ၊၊ ၀ိမ်းမျိုးရိုးဟာ အစွမ်းထက်သမားတော်မျိုးရိုးလို့ ဆိုတဲ့အတိုင်း အစွမ်းထက်နတ်ဆေးအမျိုးမျိုးကို ဖော်စပ်နိုင်ခဲ့သလို .. များစွာသော အဆိပ်ဖြေဆေး တို့ကိုလဲ ဖော်စပ်နိုင်ခဲ့တာပဲ .. ၊၊
ဆိုပေမယ့် ချွင်းချက်လေးတော့ရှိတယ် .. ၊၊
ဝိမ်းနင်ရဲ့ဝေဒနာကို ပျောက်ကင်းအောင် ကုသမပေးနိုင်တာနဲ့ .. ၀ိမ်းနင်ကိုယ်ထဲကအဆိပ်ကို အဆုံးထိ တိုက်ထုတ်မပေးနိုင်တာရယ်ပါပဲ .. ၊၊
KAMU SEDANG MEMBACA
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fiksi Penggemarထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21