Part [11] တွေ့ဆုံခြင်း ၁ [ Zawgyi + Unicode ]

2.7K 253 3
                                    

" အားရိုး .. Beijing ရဲ့ လေထုကတော့ လတ်ဆတ်နေတာပဲ .. "

Beijing လေဆိပ်ပေါက်ဝမှာ ရပ်ပြီး .. လက်နှစ်ဖက်ကို ခပ်မြင့်မြင့်ဆန့်တန်းရင်း ဆိုလိုက်သည် ၊၊

အဲ့ဒီ့နောက် လက်နှစ်ဖက်လုံးကို ကျောပိုးအိတ် ပုခုံးလက်ကိုင်နှစ်ဖက်ဆီ ဟန်ပါပါ ပြန်ပို့လိုက်ရင်း ..

" ကြီးကျယ်ခမ်းနားလွန်းတဲ့ Beijing မြို့ကြီး .. ဒီသနားစရာ Bunny Zhan လေးကို အလုပ်လေးတစ်ခုလောက် ပေးသနားတော်မူပါ .. အာဝူး .. "

တစ်ယောက်ထဲ Beijing မြို့ကို တိုင်တည်ပြောဆိုပြီး
မြို့ထဲ ခပ်သွက်သွက် ဝင်ခဲ့တော့သည် .. ၊၊

ပြီးနောက်မှာတော့ အလုပ်တစ်ခု အမြန်ဆုံးရဖို့အရေး ဂျာနယ်တစ်စောင်ဝယ်ပြီး .. မြို့ထဲအနှံ့ ခြေလျင်လျှောက်ရင်း တွေ့သမျှအလုပ် အကုန်လျှောက်တော့သည် ၊၊ ဗိုက်ဆာလာရင် ..
စတိုးဆိုင်တစ်ဆိုင်ဆိုင်က ကော်ဖီဝယ်ရင်း အိမ်ကယူလာတဲ့ ခေါက်ဆွဲဘူးအတွက် ရေနွေးပါ တပါတည်းတောင်းပြီး အဆင်ပြေအောင် ဖြေရှင်းသည် .. ၊၊ ပြီးတာနဲ့ အလုပ်လိုက်လျှောက်ဖို့ ပြန်ပြီးစိုင်းပြင်ပေါ့ .. ၊၊

အလုပ်တွေ တစ်ခုပြီးတစ်ခုသာ လိုက်လျှောက်နေပေမဲ့ ရဖို့တော့ ဇီးရိုး ရာခိုင်နှုန်းပဲ .. ၊၊
အင်တာဗျူးဖြေသူတွေ အကုန်လုံးလိုလိုက တရုတ်နိုင်ငံရဲ့ အဆင့်မြင့်တက္ကသိုလ်တွေက ဘွဲ့ရလာသူတွေချည်း .. ၊၊ သက်ဆိုင်ရာ သင်တန်းတော်တော်များများလဲ တက်ရောက်ပြီးသူတွေချည်း .. ၊၊ လုပ်ငန်းခွင်တွေမှာလဲ အတွေ့အကြုံ မနည်းကြဘူး .. ၊၊ သူ့မှာသာ .. ၊၊

" ဟူး .. မင်းအတွက်တော့ ရင်လေးသေးတယ် ..
အာ .. နောက်မှ ရင်လေးနေ .. လောလောဆယ်တော့ အလုပ်ဆက်လျှောက်ဖို့ ပြင်လိုက်ဦး .. မင်းဘက်ဂျက်က မနက်ဖြန် မနက်စာအတွက်တောင် ကောင်းကောင်း မလောက်ငှချင်တော့ဘူး .. "

တစ်ယောက်ထဲ အားလျော့လိုက် .. အားပြန်ပေးလိုက်နဲ့ တတွတ်တွတ်ရေရွတ်ရင်း နောက်ထပ် အလုပ်အင်တာဗျူးတစ်ခုဆီ ချီတက်ရပြန်သည် .. ၊၊
ရဖို့ ရာခိုင်နှုန်းနည်းပေမယ့် .. မဟုတ်ဘူး .. လုံးဝနီးပါး ရနိုင်ချေမရှိပေမယ့်ပေါ့ .. ၊၊ ထားပါဦး .. ၊၊
လုပ်ငန်းအတွေ့အကြုံတွေ .. သင်တန်းဘာညာတွေက ၊၊ အင်တာဗျူးအောင်မြင်ကြောင်း အကြောင်းကြား မက်ဆေ့ခ်ျ ပို့ဖို့အတွက် .. ဖုန်းနံပါတ်တစ်ခုလေးတောင်မှ သူ့မှာ ရှိမနေခဲ့ပဲ .. ၊၊
ပါးရဲ့ .. တားမြစ်ချက် မြောက်မြားစွာကြားထဲ ဘယ်နာမည်ရ ကုမ္ပဏီမှာမှလဲ အလုပ်မလျှောက်ရဲခဲ့ဘူး .. ၊၊ လျှောက်လဲ ရမှာ မဟုတ်ပါဘူး .. ၊၊
' သားအငယ်က ဒီလိုပဲ .. အခုတလော လုပ်ငန်းအတွေ့အကြုံ လိုချင်တဲ့ ရောဂါရနေတာ .. ' အစချီပြီး ဘယ်ကုမ္ပဏီကမှ သူ့ကို အလုပ်မခန့်အောင် အပြောချိုချိုနဲ့ ထိန်းချုပ်ဦးမှာ .. ၊၊
Da Cheng က ပါး ကုမ္ပဏီမှာ အလုပ်ဝင်ဖို့ သင်တန်းတွေတက်နေချိန်မှာ .. သူကတော့ တစ်နေ့တာ ဝမ်းဝဖို့ အချိန်ပိုင်းအလုပ်တွေနဲ့ လုံးလည်ချာလည် လိုက်နေခဲ့သည်ပဲလေ .. ၊၊

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Où les histoires vivent. Découvrez maintenant