Part [18] စောင့်မျှော်သူ [ Zawgyi + Unicode ]

2.1K 215 0
                                    

" ကျွန်တော်တို့က အနုပညာညီအစ်ကိုတွေပါ .. ဒီလိုမျိုး rumour ထွက်တာ fan တချို့အတွက် ပျော်စရာသေးသေးလေးဆိုပေမယ့် ကျွန်တော့်တို့အပေါ်မှာတော့ အများကြီး သက်ရောက်မှု ရှိပါတယ် .. အမှန်အတိုင်းဝန်ခံရရင် ဒီလို rumour တွေ ထွက်ပြီးတာနဲ့ ကျွန်တော်တို့အတွက် တော်တော်လေး ခက်ခဲပါတယ် .. အသွားအလာ အပြောမဆို အနေအထိုင် .. အကုန်လုံး အကုန်လုံးကို လိုက်ပြီး ဆင်ခြင်ရတယ် .. လွတ်လပ်မှု မရှိတော့ဘူး .. စိတ်လွတ်ကိုယ်လွတ် မပျော်ရဲတော့ဘူး .. ဟာသပြောရင်တောင် အချင်းချင်း မျက်နှာချင်းဆိုင်ပြီး မရယ်ရဲတော့ဘူး .. ကိုယ့်ကြောင့် တစ်ဖက်မှာ နာမည်ပျက်သွားမလား .. ကိုယ့်ကြောင့် သူ့ကို အထင်လွဲသွားမလား ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ အစစအရာရာ လိုက်ထိန်းနေရတော့ အရမ်းလဲ မွန်းကြပ်ပါတယ် .. အနုပညာအစ်မတွေ ညီမတွေနဲ့ သာမက .. အနုပညာ ညီအစ်ကိုတွေချင်းပါ ဒီလောက်ကြီး ဆင်ခြင်နေရတော့ တကယ်ပါ .. တကယ့်ကို မွန်းကြပ်တာပါ .. ကျွန်တော်တို့အားလုံးက အနုပညာ ညီအစ်ကိုမောင်နှမတွေပါပဲ .. ဆိုတော့ ဒီ့ထက်ပိုပြီး အထင်မလွဲစေချင်ပါဘူး .. ကျွန်တော်ကတော့ relationship ရှိလာရင်လဲ တရားဝင် ထုတ်ပြမှာပါ .. ကြွားချင်လွန်းလို့ပါ .. ခက်တာက အနုပညာအလုပ်တွေနဲ့ မအားလပ်နေတာကြောင့် ကြွားချင်ပေမယ့် ကြွားစရာ မရှိသေးတာပါ .. အဟတ် .. ကိုယ် single ဖြစ်ကြောင်း တစ်ခါတည်း ကြော်ငြာလိုက်တာ .. "

" ဝိုး .. အစ်ကို Hai Kuan ဆီက ကြော်ငြာနည်းလမ်းလေးတွေ ယူထားဦးမှပဲ ..
ဟုတ်ပါပြီ အစ်ကိုရေ .. ဆက်မေးချင်တာကတော့ .. အဲ .. fan တွေရဲ့ အသိချင်ဆုံး နောက်ထပ်မေးခွန်းလေး ဆိုရင်လဲ မမှားဘူးပေါ့နော် .. ဟုတ်ကဲ့ .. Yu Bin မေ့လဲတဲ့အချိန်တုန်းကလေ .. အစ်ကို ဘယ်ရောက်နေခဲ့သလဲပေါ့နော် .. Yu Bin ကရော ဘာကြောင့် အစ်ကို့အိမ် ရောက်နေတာလဲရောပေါ့ .. "

" Yu Bin က ကျွန်တော့်ဆီ လူနာလာမေးတာပါ .. "

" ခဏလေးနော် အစ်ကို .. အဲ့ဒီ့ကိစ္စမှာလေ ..
ရှုတင်မှာတုန်းက Yu Bin နဲ့ Wang Yibo တို့ အစ်ကို့ဆီ လူနာမေးသွားဖို့ တိုင်ပင်နေကြတာကို တွေ့လိုက်တဲ့ staff လဲ ရှိတယ်တဲ့ .. ခိုင်လုံတဲ့ သတင်းရပ်ကွက်ကပေါ့နော် .. ဟုတ်  .. ညီမ ထပ်ဆောင်းမေးချင်တာက အစ်ကို့ဆီ လူနာလာမေးတာ Yu Bin တစ်ယောက်ထဲလား .. ဒါမှမဟုတ် Wang Yibo ပါ ပါသေးလား ... "

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Donde viven las historias. Descúbrelo ahora