393 50 2
Zawgyi
“ ... ”
ကျိုးချန်​ရဲ့​မေးခွန်းက .. တကယ်​လဲ ​ကြောင်​​တောင်​​တောင်​ ​နိုင်​လွန်းတယ်​ .. ။
ဆို​ပေမယ့်​ .. ထိုသူရဲ့မျက်​နှာထက်မှာ​တော့ ရှုပ်​​ထွေး​ပွေလီတဲ့အရိပ်​အ​ယောင်​​တွေ ယှက်​​ပြေးသွားခဲ့ပါတယ်​ .. ။
“ ​ပြောစမ်း .. မင်း .. မင်း ဘယ်​သူလဲ .. ”
အ​ကြောင်းအရင်းမရှိဘဲ ​ဒေါသ​တွေစွတ်​ကြီး​နေတဲ့ကျိုးချန်​က .. ဝုန်းခနဲထရပ်​ပြီး သူ့ကို ​ကျော​ပေးရပ်​​နေတဲ့ဟုဒ်ကို ပုခုံးစွန်းက​နေဆွဲလှည့်​လို့ သူနဲ့ မျက်​နှာချင်းဆိုင်​​စေတယ်​ .. ​။
ကွဲလွဲခြင်းမရှိတဲ့ ဒီ​မေးခွန်းကိုပဲ ​နောက်​တစ်​ကြိမ်​ထပ်​​မေးလို့ .. ​ဒေါသများ​နေတဲ့ ရင်​အုပ်​ကျယ်​ကျယ်​က​တော့ နိမ့်​ချည်​မြင့်​ချည်​ လှိုက်​ဖို​နေခဲ့တယ်​ .. ။ ဒါတင်​မက .. စူးရဲ​တောက်​ပ​နေတဲ့ မျက်​ဝန်းရိုင်း​တွေနဲ့ စိုက်​ကြည့်​ရင်း .. တရှူးရှူးတရှဲရှဲ အသံ​တွေမြည်​တဲ့အထိ အသက်​ရှူနှုန်းကလဲ ပြင်းထန်​​လို့ .. ။
သူ့ပုခုံးထက်​က လက်​တစ်​ဖက်​ကို အသာဖယ်​လို့ .. ပြုံးဖြီးဖြီးမျက်​နှာ​ပေးနဲ့ ဟုဒ်​က​တော့ ​မေးခွန်းကို ​မေးခွန်းနဲ့သာ ပြန်​​ဖြေ​ပေးလာရဲ့ .. ။
“ ဘယ်​သူထင်​​​နေလို့လဲ ..
ဟုတ်​တယ်​ .. မင်းထင်​​နေတဲ့သူပဲ .. ”
“ ဒါဆို .. မင်း .. မင်းက ဟုဒ်​ မဟုတ်​ဘူး​ပေါ့​လေ .. ”
“ ဟုဒ်​ .. ဘာကို ဟုဒ်​ဖြစ်​ရမှာလဲ ..
အီးဂဲလ်​ .. ငါမင်းလက်​​အောက်​က ထွက်​လိုက်​ပြီ​လေကွာ .. မင်း​ပေးထားတဲ့နာမည်​ကြီး ဆက်​ယူထားရဦးမှာလား .. ရူး​နေတာ မဟုတ်​ဘူးလား .. ”
“ ဘယ်​သူလဲ .. မင်း ဘယ်​သူလဲ .. ”
“ ငါ .. အာ ​မေ့​နေတာပဲ ..
ငါ့ကိုယ်​ငါ နာမည်​မ​ပေးရ​သေးဘူး .. ”
“ ညာလို့​ကောင်း​နေလား .. ဟုတ်​လား .. . ”
ဟုဒ်​ရဲ့ ​ပြောင်​​ချော်​​ချော်​အ​ပြောမှာ ကျိုးချန်​က လက်​သီးဝင့်​တယ်​ .. ။ ကျိုးချန်​ထက်​ ပိုလျင်​တဲ့ဟုဒ်​က​တော့ .. လက်​သီးဆုပ်​ငယ်​ကို အသာအယာပဲ ဖမ်းတားထားနိုင်​လိုက်​ပါတယ်​ .. ။
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Where stories live. Discover now