Zawgyiအဆောင်တွင်း ငြိမ်သက်နေတဲ့ ဖယောင်းတိုင်မီးရောင်ဟာ ရုတ်ချည်း တဖျပ်ဖျပ် လှုပ်ခတ်လာရဲ့ .. ၊၊
လေပြင်းတစ်ချက်ဟာ ရှေ့နံရံထက် အဆောင်အင်းစက္ကူတွေဆီ ဝေ့ခနဲ ကျရောက်လို့ .. ၊၊
အနက်ရောင်အခိုးအငွေ့တွေက သူ့ပတ်ပတ်လည်မှာ ရစ်ပတ်ယှက်သမ်းနေပြီး သွေးပင်လယ်ထဲရောက်နေသလို ညှီစို့စို့အနံ့အသက်နဲ့ ဆွဲဆောင်မှုကိုပြုတယ် .. ၊၊
ဗလုံးဗထွေးနိုင်လှတဲ့ မပီမသညည်းညူသံတွေထဲ အညှိုးတရားတွေနဲ့ ရန်လိုမုန်းတီးမှု ရက်စက်သတ်ဖြတ်လိုမှုတွေဟာ ရာနှုန်းပြည့် ပါဝင်နေတယ် .. ၊၊
အတိပိတ်ထားတဲ့ မျက်ဝန်းအစုံဟာ လှုပ်လှုပ်ခတ်ခတ်နဲ့ .. ၊၊
ဒူးနှစ်ဖက်ပေါ်တင်ထားတဲ့ လက်သီးဆုပ်နှစ်ဖက်ဟာလဲ တင်းတင်းကြပ်ကြပ်နဲ့ .. ၊၊
ညာဘက်လက်သီးဆုပ်ထဲမှာတော့ ဇစ်တျန့်ဟာ ခရမ်းလွင်ရောင်တောက်ပလို့ သူ့အမိန့်ကို နာခံဖို့ အသင့်အနေအထား ဖြစ်နေခဲ့ .. ၊၊
မြူတွေလို မှုန်မှိုင်းအုံ့ဆိုင်းပြီး ဖောက်ထွက်ရခက်တဲ့ ဒီအမိုက်မှောင်ထုကြီးထဲ စိတ်အစဉ်ဟာ တဖြည်းဖြည်း ယိမ်းယိုင်လာပါတယ် .. ၊၊
“ ၀မ်းကွဲအစ်ကို .. လာခဲ့ ..
ဒီဝေ့၀ူရှန့်က မင်းရဲ့နှလုံးသားကို လက်ခံပေးမယ် .. ”“ ငါတို့နှစ်ယောက် ဘယ်တော့မှ မခွဲတော့ဘူးလေကွာ .. ”
“ ကျန်းချန် .. ငါ ဒီမှာလေ .. ”
“ ... ”
အမျိုးမျိုးသောအသွင်သဏ္ဍာန်နဲ့ ၀မ်းကွဲညီငယ်ဟာ အမှောင်ထုထဲတိုးဝင်ဖို့ စွတ်ဆွဲခေါ်နေလို့ .. ၊၊
တစ်ခါတစ်လေကျတော့လဲ သူ့ကိုကျောခိုင်းပြီး လန်ဝမ့်ကျီးနဲ့အတူ ရယ်ရယ်မောမော ထွက်ခွာသွားတဲ့ ပုံရိပ်တွေ .. ၊၊
YOU ARE READING
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21