Zawgyi
“ မကြည့်နဲ့ .. ”
“ . . . ”
လက်ထဲကရီမုကိုဆွဲယူပြီး အားကစားချန်နယ်ဆီချိန်းလိုက်ရင်း ရိပေါ်ကဆိုတယ် .. ။ သူ့အတွက်ပူပန်ပေးတာမို့ ပြန်မလုယူတော့ဘဲ ခပ်ဆိတ်ဆိတ်သာ နေဖြစ်ပါတယ် .. ။
ဒီရက်တွေအတွင်း အဖြေရှာမရတဲ့လူသေမှုတွေ များလာတယ် .. ။ အကုန်လုံးက ကွင်းဆက်လူသတ်မှုအဖြစ် အကြမ်းဖျင်းယူဆထားပေမယ့် သူတို့ကတော့ သိနိုင်တယ် .. ။ သူတို့တင်မက အဲ့ဒီ့သေမှုသေခင်းတွေကို ဖြေရှင်းဖို့ကြိုးစားနေတဲ့ ရဲဝန်ထမ်းတွေနဲ့ မှုခင်းဆရာဝန်တွေလဲ သိနေလောက်မယ်ထင်ရဲ့ .. ။ သေချာပေါက် .. သွေးရိုးသားရိုး မဟုတ်မှန်းကိုပေါ့ .. ။
သေဆုံးသူတွေက အရွယ်ကောင်းတဲ့ သတ်လတ်ပိုင်းတွေဖြစ်ပြီး .. အကုန်လုံးရဲ့နောက်ဆုံးအချိန်က မိတ္တူဆွဲထားသလို တထေရာတည်းပဲ .. ။ အခင်းဖြစ်တဲ့နေရာဆီ သူတို့ရောက်သွားချိန်တိုင်း အရိုးပေါ်အရေတင် ပိန်ခြောက်ကပ်ပြီး မီးကျွမ်းထားသလိုမည်းနက်နေတဲ့ ရုပ်အလောင်းကြီးကပဲ ဆီးကြိုနေတာ .. ။ ဘယ်သူဘယ်ဝါမှန်း ခွဲခြမ်းစိတ်ဖြာလို့ မရနိုင်လောက်အောင်အထိ ရုပ်ပျက်စွာနဲ့လေ .. ။ သောက်ရမ်းကို အော်ဂလီဆန်စရာကောင်းတာ .. တကယ် .. ။ ဒီလိုထူးခြားတဲ့ရုပ်အလောင်းအတွက် မှုခင်းဆရာဝန်တွေရဲ့ ဆေးစစ်ချက်ကျပြန်တော့ ရိုးရှင်းလွန်းစွာနဲ့ .. ။ သေဆုံးသူဟာ ပြန်လည်ခုခံခဲ့ခြင်း လုံးဝမရှိဘဲ ရုတ်တရက်နှလုံးရပ်သေဆုံး .. အခေါက်တိုင်းမှာ စတဲ့ ထပ်တူညီသုံးသပ်ချက်ကြီးနဲ့ပဲ .. ။ ဒါဆို ဘယ်လိုမှစဉ်းစားမရဘဲ ကျန်ရှိနေတဲ့ ပဟေဠိတစ်ခုကရော .. ။ ရုပ်အလောင်းတိုင်းကို ရင်ခွဲစစ်ဆေးခဲ့ပေမယ့် .. သွေးတစ်စက်မှ ရှိမနေခဲ့တာကြီးလေ .. ။ အမှန်ပဲ .. ။ ရုပ်အလောင်းတိုင်းမှာ သွေးတစ်စက်မှ ရှိမနေခဲ့တော့ဘူး .. ။ ဒါတင်မက ရုတ်တရက်အခုန်ရပ်သွားတဲ့ နှလုံးအိမ်ကလဲ ဆုပ်ကိုင်ဖျစ်ညှစ်ခံထားရတဲ့ ဂျုံလုံးလို သေးပိန်ရှုံ့တွလို့ .. ။
YOU ARE READING
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanfictionထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21