Part [32] တွဲကြရအောင်
အိပ်ရာထနောက်ကျတဲ့ မနက်ခင်းပါပဲ .. ၊၊
နေရောင်ခြည်နွေးနွေးက သူ့ပါးပြင်ပေါ် ဖြာကျတော့ .. နှာခေါင်းလေးရှုံ့ပြီး နိုးလာခဲ့တယ် .. ၊၊
ပေကျင်းဆောင်းရဲ့ မနက်ခင်းက အပူလွန်ကဲလွန်းလိုက်တာလို့ ညည်းညူရင်းနဲ့ .. ၊၊မျက်ဝန်းအစုံဖွင့်ဖွင့်ချင်းမှာပဲ ကျယ်ပြန့်တဲ့ရင်ခွင်ထဲ ခေါင်းတိုးဝင်မိနေကြောင်း သတိပြုမိတယ် .. ၊၊
ဘယ်လောက်တောင် နီးကပ်လွန်းမက နီးကပ်အောင် တိုးဝင်မိထားလဲ .. ၊၊
စည်းချက်ကျကျ တစ်ချက်ချင်းတစ်ချက်ချင်း ခုန်လှုပ်နေတဲ့ နှလုံးခုန်သံတိုးတိုးကိုတောင် ပီပီသသကြီး ကြားနေရတဲ့အထိ .. ၊၊ရင်ခွင်ထဲက ဖြည်းဖြည်းချင်းတိုးထွက်တော့ .. သွယ်လျပေမယ့် သန်မာတဲ့ လက်မောင်းတွေက ခပ်တင်းတင်း တိုးဖက်လာတယ် .. ၊၊
အခုမှ သတိထားမိတယ် .. ၊၊
ပေကျင်းဆောင်းရဲ့ မနက်ခင်းက အပူလွန်ကဲလွန်းနေတာမှ မဟုတ်ပဲ .. ၊၊
သူကသာ အအေးဓါတ် လုံးဝတိုးဝင်လို့မရအောင် စောင်ထူထူတွေနဲ့ ပိုက်ထွေးခြင်း ခံထားရတာ .. ၊၊
အထိခိုက်မခံတဲ့ ဖန်ထည်ပစ္စည်းလေးလို .. သေချာဂရုတစိုက်နဲ့ ထုတ်ပိုးထားတာမို့ မျက်နှာကလွဲရင် သူ့တစ်ကိုယ်လုံး နေရာလွတ်ကို မရှိဘူး .. ၊၊မျက်နှာနုနုဟာလဲ သူမနိုးခင်အချိန်ကအထိတော့ .. Yibo ရဲ့ ရင်ခွင်ကျယ်ကြီးထဲ နစ်မြုပ်နေခဲ့မှာပါပဲ .. ၊၊
သတိကြီးကြီးထားပြီး Yibo ရဲ့ ရင်ခွင်ထဲကနေ ဖြည်းဖြည်း ဖြည်းဖြည်းချင်း ရုန်းထွက်ကြည့်ပေမယ့် အချည်းနှီးပဲ .. ၊၊
ဒီကောင်လေးရဲ့ ရင်ခွင်ထဲကနေ သူတကယ်ကို မလွတ်မြောက်နိုင်ဘူး .. ၊၊မခြွင်းမချန်ဝန်ခံရရင် ဒီယုန်ကောင်သေးသေးလေးမှာ အကြံဆိုးကြီးတစ်ခုရှိနေတယ် .. ၊၊
အဲ့ဒါကတော့ ..
ခေါင်းလေး အသာမော့ပြီး သူ့ကိုအုပ်မိုးထားတဲ့ မျက်နှာချောချောကို တဝကြီးငေးကြည့်ပစ်လိုက်ချင်တာပဲ .. ၊၊ ဘယ်လောက်ထိလဲဆိုရင် နောက်ဘယ်တော့မှ မကြည့်ချင်မမြင်ချင်တော့လောက်အောင် ငြီးငွေ့သွားတဲ့အထိပေါ့ .. ၊၊
ESTÁS LEYENDO
ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」
Fanficထာဝရဆိုတာ ဘယ်လောက်ရှည်ကြာသလဲ .. ? ကိုယ်ရဲ့ အဆုံးမဲ့တဲ့ ချစ်ခြင်းတွေကတော့ အဆုံးအစမသိတဲ့ ထာဝရထက်ပိုနေမှာ သေချာတယ် .. ကိုယ်ဟာလေ .. မင်းကို .. ထာဝရထက်ပိုပြီး .. ထာဝရဆိုတာထက်ကို ပိုပြီး ... Start : 22/11/19 End : 26/04/21