Part [104] ဖုံးကွယ်​ထားတဲ့ တစ်​စုံတစ်​ရာ 「 ဖုံးကွယ်ထားတဲ့ တစ်စုံတစ်ရာ 」

551 71 42
                                    


Zawgyi











မ​နေ့ညက အိပ်​ရာဝင်​​နောက်​ကျတဲ့သူက ဒီ​နေ့မနက်​ခင်းမှာလဲ အိပ်​ယာထ​နောက်​ကျတယ်​ .. ။

သူနဲ့အတူလိုက်​ပြီး အိပ်​​မောကျ​နေတဲ့ ယုန်​​ကောင်​​လေးက​တော့ အခုထိ မျက်​ဝန်း​တွေ ​မှေးမှိတ်​ထားတုန်းပဲ .. ။ ပင်​ပန်းလွန်​​နေတဲ့မျက်​ဝန်းအိမ်​​တွေနဲ့ မျက်​နှာချင်းမဆိုင်​ချင်​မိတာမို့ ဒီအတိုင်း​လေး တစ်​ချက်​မ​လှုပ်​တမ်း ငြိမ်​​နေ​ပေးဖို့ ဆုံးဖြတ်​တယ်​ .. ။ နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​မောကျခြင်းကလဲ အားပြန်​ပြည့်​လာဖို့ တ​စ်ေ​ထာင့်တစ်​​နေရာက ​အသုံးဝင်​တယ်​လို့ သူကထင်​တယ်​ .. ။ ရင်​ခွင်​ထဲက ယုန်​အဆိုးအဆာ​လေးကို မလှုပ်​မယှက်​ပဲ ဆက်​လက်​​ထွေး​ပွေ့​ထား​ပေးဖြစ်​ပါတယ်​ .. ။

မျက်​ဝန်း​တွေ အသာ​စေ့ပိတ်​လိုက်​ရင်း .. မ​နေ့ညက ယွီပင်းဖွင့်​ဟသမျှ အ​ကြောင်းအရာတစ်​ခုချင်းစီတိုင်းကို ​သေချာပြန်​စဉ်းစား​နေမိတယ်​ .. ။

ယွီပင်းက ဆိုတယ်​ .. ။

အတိတ်​ဘဝရဲ့အစွမ်းအစတစ်​ပိုင်းတစ်​စနဲ့ ​ရှောင်းကျန့်​က အတိတ်​ဘဝလို နတ်​ဘုရားကြမ္မာနဲ့​ ​မွေးဖွားလာတာ​တော့လဲ မဟုတ်​ဘူးတဲ့ .. ။ ထို့အတူ ပျက်​သုဉ်းရမယ့်​ကြမ္မာမျိုးလဲ မဟုတ်​တာမို့ ကိုယ့်​ကိုယ်​ကို စ​တေးခံဖို့လဲ အထူးတလည်​မလိုအပ်​ဘူး .. ။ ဒီအတိုင်း အတိတ်​ဘဝရဲ့ဖြစ်​​ကြောင်းကုန်​စင်​ကို မှတ်​မိ​နေရုံကလွဲရင်​ သာမန်​ကံကြမ္မာနဲ့ ဘာမှမထူးခြားတဲ့ သာမန်​လူသားတစ်​​ယောက်​သာပဲ .. ။

ဆို​တော့​ပေါ့ .. ။
အတိတ်​ဘဝတုန်းကနဲ့မခြား စိတ်စွ​မ်းအားကို အသုံးချတဲ့အခါ တန်​ပြန်​သက်​​ရောက်​မှု​တွေ ရှိလာတယ်​ .. ။ အနီးစပ်​ဆုံး ဥပမာပြရရင် .. ​ယွီပင်းရဲ့အတိတ်​ဘဝမှတ်​ဉာဏ်​ကို အချိန်​ကာလတစ်​ခုအထိ ​ဖျောက်​ဖျက်​ပစ်​ဖို့ကြိုးစားချိန်​ .. သူကိုယ်​တိုင်​လဲ ထပ်​တူညီတဲ့ကာလတစ်​ခုအထိ အသိစိတ်​မဲ့​သွားခဲ့တာမျိုး​ပေါ့ .. ။ ခန္ဓာကိုယ်​အ​ရေပြားထက်​က အနီ​ရောင်​အစက်​အ​ပျောက်​ငယ်​​တွေ .. ခရမ်း​ရောင်​ယှက်​သမ်းတဲ့ ညိုမည်းစွဲရာ​တွေဆိုတာ တကယ်​တမ်း​တော့ ဘာမှ​ပြောပ​လောက်​စရာ မဟုတ်​ဘူးရယ်​ .. ။ စိတ်​စွမ်းအင်​ အလွန်​အကျွံသုံးမိလို့ ရလာတဲ့ ​ဘေးထွက်​ဆိုးကျိုး​သေး​သေး​လေး​တွေသာပဲ .. ။ တကယ်​တမ်း တန်​ပြန်​​ပေးဆပ်​ရတာက ထပ်​တူညီတဲ့ ထိခိုက်​ဆုံးရှုံးမှု .. ရယူလဲလှယ်​သ​လောက်အတိအကျ ဒါမှမဟုတ်​ရင်​လဲ ပိုသာတဲ့ ထိခိုက်​ဆုံးရှုံးမှု .. ။ ​သေချာတာက​တော့ ​မ​သေးလှတဲ့ တန်​ဖိုးတစ်​ခုဆိုတာပဲ .. ။ ဒီ​လောက်​အထိပဲ ခန့်​မှန်းသိရှိနိုင်​တယ်​ .. ။

ꜰ ᴏ ʀ ᴇ ᴠ ᴇ ʀ ᴍ ᴏ ʀ ᴇ 「 ᴄᴏᴍᴘʟᴇᴛᴇᴅ 」Where stories live. Discover now